91

308 56 0
                                    

Chapter 91. ပျားရည်ထောင်ချောက်၏ စာအုပ်ပါ ဥပမာ

စဉ်းစားဉာဏ် အမှောင်ဖုံးခြင်းတဲ့လား...ကျန်းတန် ပြေစရာစကားမရှိတော့ချေ။

ဒီလူက တစ်ခုမှ ပုံမှန်အတိုင်း မလုပ်ဘူး ။ သာမန်ဆို ယောက်ျားတွေက သူတို့ရဲ့ လူကြီးလူကောင်းဆန်မှုကို ကြွားဝါပြရမှာ မလား။ ဒီလူက သူ့နှာဘူးထမှာကို တခြားသူ မသိမှာစိုးလို့ လိုက်ကြေညာနေသေးတယ်။

မထင်မှတ်ထားသော အဖြေဖြစ်သော်လည်း ကျန်းတန် အမြန် ပြန်တုံပြန်ပါသည်။ သဘာဝကျကျပြုံးလိုက်ပြီး
"ဆရာဇူက လူကြီးလူကောင်းပါ။ တစ်ခြားယောက်ျားတွေနဲ့ မတူဘူး။ ကျွန်မအသက်ကိုလည်း ကယ်ဖူးတယ်။ ကျွန်မက ရှင့်ကို အဲ့လိုကြည့်စရာ အကြောင်းမရှိဘူး"
ကျန်းတန် ပြောရင်းပင် အော်ဂလီဆန်လာသည်။ ဇူအန်ကို လူကြီးလူကောင်းနှင့် တွဲမြင်သောလူ မရှိပေ။

"အိုး..ငါ့မှာ အဲ့လို မြင့်မြတ်တဲ့အခြမ်း ရှိမှန်း မသိခဲ့ဘူး" ဇူအန် ကျန်းတန်စကားကို သဘောကျ၍ မျက်နှာကို ကိုင်ပြီး ပြုံးလိုက်သည်။

"ဆရာဇူ ကျွန်မကို ကယ်တဲ့အတွက် တစ်ချက်လောက် ဂါရဝပြုပါရစေ" ကျန်းတန် ဖန်ခွက်ကို မြှောက်၍ ငြင်သာသောအပြုံးနှင့် ပြောလိုက်သည်။

ဇူအန် တွေဝေသွားသည်။ ချူဟွမ်ကျောက် ပြောစကားအရ ဆန်းအိမ်တော်က ချူအိမ်တော်နှင့် ဆန့်ကျင်ဘက်ပင်။ ကျန်းအိမ်က ဆန်းအိမ်နှင့် ခမည်းခမက်ဆိုတော့ တစ်ဖက်တည်းလို့ ယူဆနိုင်လေသည်။
ထိုသို့ဆိုလျှင် ကျန်းတန်သူ့ကို ချဉ်းကပ်ခြင်းက သံသယဝင်စရာပင်။ ဇူအန်က ကိုယ့်ကိုကိုယ် အထင်ကြီးသော်လည်း မျက်လုံးမကန်းသေးပေ။

"ဒီအရက်ကို အဆိပ်မခတ်ထားပါဘူးနော် ဟုတ်လား " သူဒီကို ရောက်ကတည်းက ကြုံရသော လုပ်ကြံမှုများကြောင့် ဇူအန်အရာရာကို သတိထားနေမိသည်။ သူ့စရိုက်နှင့် ကိုက်ညီသောကြောင့် ထုတ်မေးလိုက်ခြင်းပင်။

ကျန်းတန် အပြုံးဖြင့် ပြန်ဖြေသည်။
"ဆရာဇူက ကျွန်မကို ကျီစယ်နေပြန်ပါပြီ။ ရှင်က အကယ်ဒမီရဲ့ ဆရာတစ်ယောက်ဖြစ်ပြီး ကျွန်မရဲ့ ကျေးဇူးရှင်လေ။ ရှင့်အရက်ကို ဘယ်လိုလုပ် အဆိတ်ခတ်ရဲမှာလဲ။ ရှင်စ်ိတ်ပူနေသေးရင် ကျွန်မအရင် တစ်ငုံသောက်ပြပါ့မယ်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now