55

336 58 0
                                    

Chapter 55. အဝတ်ပြန်ဝတ်ပြီးတာနဲ့ တာဝန်က ရှောင်ချင်တာလား

"ဒီကိစ္စကို အိမ်တော်ထဲက ဘယ်သူ့ကိုမှ မပြောမိစေနဲ့ မှတ်ထား" ဇူအန် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

ချန်ရှို့ပင်း ရင်ဘတ်ပုတ်လိုက်၍
"သခင်လေး ကျွန်တော်နာမည်ကို မေ့သွားပြီလား။ ပုလင်းကို အဖုံးဆို့ထားသလို ပါးစပ်လုံတဲ့ ချန်ရှို့ပင်း ပါဗျ"

သူ့အာမခံမှုက ဇူအန်ကို ပို၍ပင် စိတ်မချဖြစ်စေသည်။ သူအမှားအကြီးကြီးလုပ်မိသလို ခံစားလိုက်ရသည်။
"ဒီကိစ္စကို မင်းကို အပ်လိုက်မယ်။ ငါနည်းနည်းပင်ပန်းနေလို့ နားလိုက်ဦးမယ်။ အာ နေဦး မျက်နှာသစ်ဖို့ ရေတစ်ဇလုံ အရင်ခတ်ပေးဦး" ဇူအန် သူ့ကို လက်ခါ၍ နှင်လိုက်သည်။

သူ့အစီအစဉ်က မျက်နှာနှင့်ကိုယ်လက်ဆေး၍ ကံစမ်းရန်ပင် ။ အခုတော့ သူ့အနာဂတ်က တောက်ပနေသည်ပင်။

"ကြည့်ရတာ မင်းစိတ်ကောင်းဝင်နေပုံပဲ" အသံအက်အက်တစ်ခု ဇူအန်နားထဲ ဝင်လာသည်။

ဇူအန် လန့်၍ ထခုန်မိလိုက်သည်။ သူနောက်လှည့်ကြည့်ရာ လောင်မိုင်ကို တွေ့လိုက်ရလေသည်။ နှလုံးခုန်မြန်နေသေး၍
"အမြဲတမ်း ဘာလို့ အသံမပေး ဘာမပေး လျှောက်သွားနေရတာလဲ။ တစ်နေ့နေ့တော့ ခင်ဗျားကြောင့် ကျုပ်လန့်သေလိမ့်မယ်"

လောင်မိုင် ဇူအန်စကားကို လျစ်လျှူရှု၍ ဆက်မေးသည်။
"မင်းဒီနေ့တော့ ကျောင်းမပြေးဘူးမလား"

"ခင်ဗျားက သတိပေးပြီးပြီပဲ ပြေးရဲပါ့မလား" မျက်လုံးနက်နက်များကိုကြည့်၍ သူသာကျောင်းပြေးပါက မက်မွန်ပွင့် ၁၃ နှင့် အခြေအနေတူလိမ့်မည်ဖြစ်ကြောင်း ဇူအန် ကြိုသိနေသည်။

"အဲ့တာကောင်းတယ်" လောင်မိုင် ရယ်လိုက်ပြီး
"ဝေဟုန်ဒီနဲ့ တွေ့ခဲ့လား"

လောင်မိုင်၏အပြုံးက ဇူအန်ကို ကြက်သီးထစေသည်။
"မတွေ့သေးဘူး" လောင်မိုင် မျက်မှောင်ကြုံ့လာ၍ ဇူအန် အမြန်ဆက်ပြောသည်။
"ဒါပေမဲ့ သူ့ညီနဲ့ သူငယ်ချင်းဖြစ်လာပြီ"

"သူ့မှာ ညီရှိတယ်လား" လောင်မိုင် ရှုပ်ထွေးသွားသည်။

"ဟုတ်တယ် နာမည်က ဝေဆောင် တဲ့.." ဇူအန် ရှင်းပြသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now