112

296 49 0
                                    

Chapter 112.

သူတင်မကဘူး ယွမ်အိမ်ကလူတစ်ချို့ပါ အမျက်ပွိုင့်များ ထွက်လာသည်။ အမှန်တော့ ပွဲကြည့်ပရိသတ်တစ်ချို့ပါ စိတ်တိုချင်လာသလိုပင်။

ကျီတန်ထုပင် အငမ်းရပ်ပြီး ဇူအန်ကို လှည့်ကြည်လေသည်။
ဒီကောင် က တကယ် အရိုက်ခံရဖို့ အကြောင်းရှာနေတာပဲ။ ငါ့သမီးကို သူနဲ့ဝေးဝေးနေဖို့ ပြောရမယ် မဟုတ်ရင် ရောယောင်ပြီး ပြဿနာကြားထဲ ဝင်ပါနေမှဖြင့်..

ဒါပေမဲ့ ဒီကောင်က ငါ့ကို စာအုပ်ကောင်းကောင်း ပေးထားသေးတယ်။ သူ့မှာ အဲ့လိုစာအုပ် ဘယ်လောက်များများ ရှိလောက်သေးလဲ။ ယွမ်ဝမ်ဒုံ ရိုက်လို့ သေလုနီးပါးဖြစ်သွားရင် စာအုပ်မျက်နှာနဲ့ ဝင်ကယ်သင့်လား။

စင်မြင့်ပေါ်မှ စနိုး အေးစက်စက် ပြောလိုက်သည်။
"ဒီလူက အရင်လို မုန်းစရာကောင်းနေတုန်းပဲ"

သူ့ရှေ့တွင် ထိုင်နေသော ရှီခွန်းလည်း ခေါင်းငြိမ့်လိုက်သည်။ ထိုစကားများ သူလည်း သဘောတူလေသည်။

"သူက လုံးဝကို လူရမ်းကားပဲ ဘာမှ ကြီးကြီးကျယ်ကျယ်လုပ်နိုင်မှာ မဟုတ်ဘူး" ဆန်းရှန် ပြောလ်ုက်သည်။

သို့သော် ဆန်းဟုန်က ကီဖြင့် အသံပို့၍ သတိပေးလိုက်သည်။
"ငွေချိတ်လောင်းကစားဝိုင်းကနေ ငွေစ ၇ သန်းခွဲ အနိုင်ရတာနဲ့ အကယ်ဒမီမှာ ဆရာဖြစ်လာတဲ့အချက်က သူပုံမှန်လူမဟုတ်ဘူးဆိုတာ ပြနေတာပဲ။ သူ့အပြင်ပိုင်းကို ကြည့်ပြီး အထင်မမှားနဲ့။ အပေါ်ယံတင် မကြည့်နဲ့လို့ မင်းကို မှာထားတာ များပြီ။ ကိစ္စတိုင်းကို မင်းအတွင်းကျကျ စဉ်းစားသင့်တယ်"

"ကျွန်တော် နားလည်ပြီ" ဆန်းရှန် သူ့အဖေစကားကို ခေါင်းထဲ မထည့်သော်လည်း ရိုရိုသေသေ ပြန်ဖြေလိုက်သည်။

ထိုစဉ် ချီရီက ချီရှို့ထံ အသံပို့၍ မေးလိုက်သည်။
"သူက မင်းပြောတဲ့ လူလား"

"အမှန်ပဲ သူပဲ"ချီရှို့ ပြန်ဖြေသည်။

သူ့အစ်မ ချီဒေါင်ရင်း က မျက်မှောင်ကြုံ့၍ ဝေဖန်လိုက်သည်။
"သူက စကားပြောရိုင်းလွန်းတယ်။ ငါ မကြိုက်ဘူး "

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now