24

417 61 0
                                    

Chapter 24: ပူးပေါင်းလိမ်လည်ခြင်း

ဇူအန်သည် အသတ်အဖြက်အလယ်မှ ထိုရထားလုံးကို အာရုံရောက်နေသည်။ ၎င်း၏ ကြီးကြယ်ခန်းနားသော တည်ဆောက်ပုံသည် လူအများကို အာရုံစိုက်စေသည်။

အဲ့တာက ရထားလုံးလား မာစီဒီး လား။ အသွင်အပြင်အရ တစ်ခုမှမတူသော်လည်း ခံစားချက်မှာ ထိုကဲ့သို့ပင်ဖြစ်သည်။

မည်သည့်လောကတွင်မဆို လူသားများ၏ အလှအပခံစားမှုသည် မပြောင်းလဲပေ။ ထိုရထားလုံးသည်ကား မည်သည့်ရှုထောင့်ကမဆို လှပနေလေသည်။

မျဉ်းကြောင်းတိုင်းသည် လက်မှုပညာရှင်၏ သွေး၊ချွေးနှင့် မျက်ရည်များကို ဖော်ပြနေသည်။ ကြွက်သားတောင့်တင်းပြီး အရောင်တောက်ပသော အမွှေးများရှိသည့် မြင်းလေးကောင်ဖြင့် ဆွဲထားသည်။
၎င်းဟာ စင်းလုံးချော ခန့်ညားနေလေသည်။

ရထားဘီးသာမက မြင်းခွာများသည်ပင် အပြာရောင်အလွှာများ ဖုံးထားလေသည်။ ၎င်းသည် အတွင်းရှိ စီးနင်းသူကို အနည်းငယ်မှ အနှောက်အယှက်မဖြစ်စေဘဲ ခက်ခဲသောလမ်းကြမ်းများကို ဖြတ်ကျော်နိုင်စေရန် ပြုလုပ်ထားသည့် အလွန်အနုစိတ်သောအစီအရင် ဖြစ်လေသည်။

ဇူအန်က ချူအိမ်၏ရထားလှည်းကို စီးဖူးသည်။ သို့သော် ဤရထားလုံးဖြင့်ယှဉ်လျှင် အလွန်ကွာခြားပေသေးသည်။

ဆွဲဆောင်မှုရှိသော မိနမအသံတစ်ခု လှည်းအတွင်းမှ ထွက်လာသည်။
"ထွက်ပြေးရမယ်။ ဘယ်လိုပြေးနိုင်မှာတဲ့လဲ" သူမအသံသည် တိုးညှင်း၍ နွမ်းလျနေပုံပေါ်သည်။ တစ်ချိန်တည်းမှာပဲ စိတ်ရှုပ်ထွေးမှုများလည်း အထင်းသားပင်။

"ဘယ်လိုတောင် နားဝင်ချိုတဲ့အသံလဲ" ကျီရှောင်ချီ သူ့ဘာသာရေရွတ်လိုက်မိသည်။ ဇူအန်ကမူ မည်သို့မျှ မနေချေ။ ခေတ်သစ် ဒစ်ဂျစ်တယ်လောကတွင် အသံဖြင့် အသက်မွေးသူများ များပြားလှသည်။ အသံသရုပ်ဆောင်များ၊ youtube လွှင့်သူများနှင့် အခြားဖန်တီးသူများ ပေါများလေသည်။ သူက အသံကောင်းသူအများအပြားကို မြင်ဖူးပြီး ရုပ်နှင့်အသံတစ်ထပ်တည်း မကျကြောင်းကိုလည်း သိလေသည်။ FM Radio များ ပေါ်ခါစတုန်းကဆိုလျှင် များစွာသောသနားစရာ သကောင့်သားများသည် စွဲမက်ဖွယ်အသံပိုင်ရှင်လေးများ၏ သားကောင်ဖြစ်ဖူးကြသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now