134

304 47 0
                                    

Chapter 134: အံသြသွားလား (၂)

နေကြာပန်းသိုင်း အတု ကို ချက်ချင်းသုံးကာ ဇူအန် ဘေးဘက်သို့ ရှောင်ရှားလိုက်သည်။ မေချောက်ဖုန် ၏ ပထမဆုံး လက်သီးချက်ကို အောင်အောင်မြင်မြင် ရှောင်တိမ်းနိုင်လိုက်သည်။

ကံမကောင်းသည်မှာ သူ၏ လှုပ်ရှားဟန်များကို ယမန်နေ့က မေချောက်ဖုန် မြင်တွေ့ဖူးသားဖြစ်နေသည်။ ထို့ကြောင့် ၎င်းကို မည်သို့ ရင်ဆိုင်ရမည်ကို သိနေသည်။ အေးစက်စက် နှာမှုတ်လိုက်ပြီး နောက်တစ်ချက် ထိုးလိုက်သည်။ ယခုတစ်ကြိမ်တွင် ဇူအန်၏ လွတ်မြောက်လမ်းကို နောက်ထပ်ရိုက်ချက်တစ်ချက်ဖြင့် ကြိုတင်ပိတ်ဆို့လိုက်သည်။

ချောင်ပိတ်မိသောအခါ ဇူအန်တွင် ရွေးချယ်စရာမရှိတော့ဘဲ နေကြာပန်းသိုင်း အစစ်ကို သုံးကာ ရှောင်တိမ်းလိုက်ရသည်။ တိုက်ကွက်ကို ရှောင်ပြီးနောက် အသံကျယ်ကျယ် အော်လိုက်သည်။ “အရမ်းလှတဲ့ ကျောင်းအုပ် ကျန်း ရယ်။ ကျုပ်အမှားကို အခု သိပါပြီ။ ကယ်ပါဦး။ ဒီမှာ သေရရင် ဘယ်သူမှ ခင်ဗျားကို မက်မွန်ပွင့်ဂိုဏ်း ကို သိမ်းဖို့ ကူညီမှာမဟုတ်ဘူး”

“ဟမ်” သူ၏ တိုက်ခိုက်မှုကို ဇူအန် မည်သို့ ရှောင်လိုက်နိုင်သည်ကို မေချောက်ဖုန် တွေးမရပေ။ ချက်ချင်းပင် နောက်ရိုက်ချက်တစ်ခုကို ကြိုးစားလိုက်သည်။ သို့သော်လည်း ပြန်ကန်လာသော တွန်းအားတစ်ခုကြောင့် တုန်လှုပ်သွားရသည်။

ဇူအန်၏ အရှေ့တွင် မိန်းမတစ်ယောက် ရုတ်တရက် ပေါ်လာသည်။
သူမ၏ ခြေတံရှည်များက ပုံမှန်အတိုင်း ဆွဲဆောင်မှုရှိနေမြဲ ဖြစ်သည်။ သို့သော်လည်း သူမ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော ခဲတံတွင် မေချောက်ဖုန် ၏ အာရုံ ရောက်ရှိနေသည်။

“ကျောင်း...ကျောင်းအုပ်ကျန်း”

စိတ်ဖြေလျော့ကာ ဇူအန် အသက်ရှုထုတ်လိုက်သည်။
“ ကျောင်းအုပ် ကျန်း နောက်ဆုံးတော့ ထွက်လာဖို့ ဆန္ဒရှိပြီပေါ့”

“သူ့လို စွမ်းအားရှင် အဆင့်အတန်းနဲ့ လက်တစ်ချောင်းတောင် လှုပ်ဖို့ မလိုဘူးလို့ တစ်ယောက်ယောက် က ပြောခဲ့တယ်လေ။ နင် ဒီလို အခြေအနေဆိုးဖြစ်နေတာကို မြင်ရတာ အံသြစရာပဲ မဟုတ်ဘူးလား။ ဟမ်” ကျန်းလော့ဖူ က လှောင်ပြုံးပြုံးလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now