63

319 53 0
                                    

Chapter 63. ငါက လောင်းကစားဘုရင်ပဲ

ဇူအန်၏ ကျရှုံးခန်းကို စောင့်မျှော်နေသော လောင်းကစားသမားတိုင်းက ထွက်ပေါ်လာမည့် ကြီးမားသော အချိုးအကွေ့ကို စောင့်မျှော်နေကြသည်။ မက်မွန်ပွင့် ၇ကို အဖြေဖွင့်ရန် ဝိုင်းပြေရင်း အခြေအနေက ပို၍ပင် အသက်ဝင်လာလေသည်။

သူ့တပည့်များ၏ သတိပေးမှုကြောင့် မက်မွန်ပွင့် ၇ အတွေးထဲမှ ပြန်ထွက်လာရသည်။ သူက တံတွေးမြိုချလိုက်ပြီး သုံးထပ်ကွမ်းခေါက်မိလိုက်သော သူ့ကိုယ်သူ ကျိန်ဆဲမိသည်။
အခြားပုံစံဖြစ်ပါက သူဒီလောက် အများကြီး ရှုံးမည်မဟုတ်ပေ။ သူ့ကိုစောင့်ကြိုနေသော ကပ်ဆိုးကို သူကြိုမြင်နေရလေပြီ။

ဒါက ငွေစ ၇ သန်းခွဲ။ မက်မွန်ပွင့်ဂိုဏ်း ပိုင်ဆိုင်မှု အားလုံးရောင်းတောင်မှ ငွေစ အဲ့လောက် ရနိုင်မှာ မဟုတ်ဘူး။

ခေါင်းဆောင်က ငါ့ကို နုပ်နုပ်စင်းပြီး ခွေးစာကျွေးလိုက်လိမ့်မယ်။
ထိုအတွေးပုံရိပ်က သူ့ကိုထိပ်လန့်စေပြီး လက်ကို စားပွဲအောက် မသိမသာ နှိုက်လိုက်သည်။ အံစာတုံး၏ အဖြေကို ပြောင်းနိုင်မည့် စက်ခလုတ်တစ်ခု ထိုနေရာတွင် တပ်ဆင်ထားလေသည်။

လက်ရှိအခြေအနေအရ ချူချူယန်သတိမထားမိပါစေနှင့်ဟု ဆုတောင်း၍ လောင်းရန်သာ တတ်နိုင်တော့သည်။
ကံဆိုးစွာပင် သူက အဆင့် ၅ ကျင့်ကြံသူတစ်ယောက် မည်မျှ အင်အားကောင်းကြောင်း နားမလည်ပေ။ သူ့လုပ်ရက်က လောင်းခြင်းမဟုတ်ဘဲ လုံးဝရှုံးနိမ့်ခြင်းပင်။

သူ့လက်လှုပ်လိုက်သည်နှင့် အဖြူရောင်အရှိန်အဝါတစ်ခု သူ့လက်ကို လွှမ်းအုပ်လာပြီး လက်တစ်ချောင်းလုံး လှုပ်မရတော့ချေ။

"ရှင် အဲ့တာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ။ လိမ်တာလား"

ချူချူယန်က သူ့ကို သိမ်းငှက်တစ်ကောင်လို စောင့်ကြည့်နေခြင်းပင်။ အထူးသဖြင့် သူမကိုယ်တိုင် ယခုအကြိမ် လောင်းကစားတွင် ပါဝင်နေသောကြောင့် မည်သူမှ အဖြေကို ပြောင်းလဲရန် လက်မခံနိုင်ပေ။

ဇူအန် သက်ပြင်းချလိုက်ပြီး ပြေလေသည်။
"မင်းကို ငါမလိမ်ဖို့ သတိပေးပြီးသား။ မင်းကမှ နားမထောင်ချင်တာ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now