102

302 48 0
                                    

Chapter 102. ကောလဟလများ

"ကျုပ်က နာမည်ကြီး ရှီခွန်းပါ" ဇူအန် ရင်ဘတ်ကို ထု၍ ဂုဏ်ယူစွာ ပြန်ဖြေသည်။

ရှန်းလျှို့ယီက ထိုစကားကြားလိုက်သော် ကြောင်အသွားသည်။
ဒီကောင်က ငါထင်တာထက် ပိုအရှက်မရှိတာပဲ။

"ရှီခွန်း ရှီအိမ်က ၆ ယောက်မြောက် သခင်လေးလား။ " ဝူချင်း ပြောလိုက်သည်။
"ရှင့်ရုပ်လေးကတော့ ချောပါတယ်။ ဒါပေမဲ့အရှက်မရှိတဲ့ နှာဘူး ဖြစ်နေတာပဲ ဟမ့်"

ဇူအန် ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
"အဲ့တာမှန်တယ်။ ရှီခွန်းက အရှက်မရှိတဲ့ နှာဘူးပဲ။ အဲ့တာကို ခေါင်းထဲ သေချာထည့်ထား"

ဝူချင်းကြောင်သွားသည်။ တစ်ဖက်လူကို လွယ်လွယ်သဘောတူမည်ဟု မထင်ထားပေ။
"ကြည့်ရတာ ရှင့်ကိုယ်ရှင် သိသေးတဲ့ပုံပဲ"

သူလမ်းလွဲတော့မည်ကို မြင်၍ နောက်လိုက်နှစ်ယောက် တီးတိုး သတိပေးလိုက်သည်။
"မမလေး သူက ဇူအန်"

ဇူအန်က လွန်ခဲ့သော ရက်အတွင်း ပြဿနာပေါင်းစုံဖြစ်၍ အကယ်ဒမီတွင် သူ့ကို မသိသောလူ မရှိသလောက်ပင်။ ဝူချင်း သူ့ကို မသိခြင်းက အလုပ်များ၍ အကယ်ဒမီကို မလာဖြစ်သောကြောင့်ပင်။

"နင် ငါ့ကို လိမ်ရဲတယ်" ဝူချင်း မျက်နှာ ဒေါသကြောင့် နီရဲသွားသည်။ သူမ အရူးလုပ်ခံရခြင်းကို တွေးလိုက်ရင်း ဒေါသက ငရဲအလား ပေါက်ကွဲလာရသည်။

သင်သည် ဝူချင်း ထံမှ အမျက်ပွိုင့် ၆၀၀ ရယူလိုက်သည်။

"မင်းတစ်သက်လုံး တစ်ခါမှ  အရူးလုပ်မခံရဖူးဘူးလား" ဇူအန် မေးလိုက်သည်။

"ဒါပေါ့ ဘယ်သူက ငါ့ကို လိမ်ရဲမှာလဲ" ဝူချင်း နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

"အာ အဲ့တာကြောင့် မင်းက ဒီလောက် အလိမ်လွယ်နေတာကိုး"

"..." ဝူချင်း

သင်သည် ဝူချင်း ထံမှ အမျက်ပွိုင့် ၆၆၆ ရယူလိုက်သည်။

ဝူချင်း စိတ်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလေသည်။
"ဒါဆို ရှင်က ချူချူယန် ရွေးလိုက်တဲ့ ယောက်ျားပေါ့"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now