104

302 59 1
                                    

Chapter 104.

ခနနေဦး အဲ့ဒီလူက ဇူအန် မဟုတ်ဘူးလား၊

ရှီခွန်း အမြင်မှားမည်စိုး၍ မျက်လုံးပွတ်လိုက်သေးသည်။

သူ့လို အတွေးတူသော လူများစွာ ရှိလေသည်။ ကျောင်းသားအားလုံးနီးပါး ဇူအန်ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

"သူ့ဆံပင်ကို ဘယ်လိုလုပ်လာတာလဲ။ ကြည့်ရတာ မိုက်တယ်။ ငါလည်း တစ်ရက်လောက်စမ်းကြည့်ရမလား။ ပြီးတော့ အခုနက တီးလုံးကဘာလဲ။ ငါ့ကို နှလုံးခုန်မြန်လာအောင် လုပ်ပေးတယ်ဟ" ချီရှို့ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အခုမှ သူ့ကို သေချာကြည့်မိတယ်။ သူက အတော်လေး ရုပ်ချောတာပဲ။ ပုံမှန်ထက် သပ်သပ်ရပ်ရပ်ဝတ်စားလိုက်တော့ ပိုကြည့်ကောင်းသွားတယ်" ကျန်းတန် ဝေဖန်လိုက်သည်။

"ဒီလူ ခုနကထက် ပိုကြည့်ကောင်းလာတယ်လို့ ငါဘာလို့ထင်နေရတာလဲ။ အမယ်လေး..ငါရူးသွားတာဖြစ်ရမယ်" ဝူချင်း အေးစက်စက် ထပ်ပြောသည်။

ချူချူယန်လည်း ထိုအချိန်မှ သတိပြန်ဝင်လာသည်။ သူက အမြင်မှားတာမဟုတ်ဘဲ စင်မြင်ပေါ်ကလူသည် သူ့ခင်ပွန်းအစစ်ပင်ဖြစ်နေသည်။ အေးစက်စက်စရိုက်ရှိသော ချူချူယန်ပင် မျက်နှာပူလာရသည်။ သူ့ရှေ့တွင် တွင်းတစ်ခုရှိပါက တွေဝေမနေဘဲ ခုန်ဆင်းပြီးနေပြီ။

"ရှင် ဘာလုပ်နေတာလဲ" ဇူအန်ထံ အသံတိတ်တဆိတ် ပို့လိုက်သည်။

ဇူအန် သူ့ကို အကြည့်တစ်ချက် ပို့လိုက်သော်လည်း ပြန်မဖြေပင်။

ချူချူယန် နှုတ်ခမ်းကိုက်၍ ဆက်ပြောသည်။
"လျှောက်လုပ်မနေနဲ့ ပြန်တော့"

သူမတစ်သက်လုံး ဒီလောက်တစ်ခါမှ အရှက်မရဘူးပေ။ တစ်သက်လုံး သူများကို ချုပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။ အကယ်ဒမီတွင်ပင် မည်သူမှ သူ့ကို လာမရှုပ်ရဲပေ။
သို့သော် ယခုအချိန်တွင် အပ်များပေါ်တွင် ထိုင်နေရသလို ခံစားနေရသည်။ လူတိုင်းက ချူအိမ်ကို ဟာသလုပ်ရန် သူမကို ထူးထူးဆန်းဆန်း ကြည့်နေကြသည်ဟု ခံစားရသည်။

ထိုစဉ် ဇူအန်ကို နေရာကို ရောက်သွားပြီဖြစ်ပြီး ကျောင်းသားများနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ချူချူယန် မျက်နှာရဲနေမှုကို သတိထားမိ၍ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
"ဟိုက ကျောင်းသူ..အခု အတန်းချိန်ဆိုတာ သတိရပါ။ စာသင်ချိန်အတွင်း ဆရာကို ခိုးပြီး စကားခနခနလာမပြောပါနဲ့"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now