137

304 50 1
                                    

Chapter 137: ကြွက်ကြီး

မြေအောက်ဂူတွင်း ရောက်ပြီးသည့်တိုင် ဇူအန် ကြောင်နေသေးသည်။ ဘာဖြစ်သွားလဲ တွေးနေရင်း ကျီရှောင်ချီကို ငေးကြည့်နေမိသည်။

သူ့အကြည့်အောက်တွင် ကျီရှောင်ချီ မနေတတ်တော့ပေ။
"ဆရာဇူ ဘာကြည့်နေတာလဲ"

"မင်းက ငါ့ကို ဆရာလို့ခေါ်တာ စိမ်းကားလွန်းနေပြီ"

"အစ်..အစ်ကိုဇူ"

"ငါ့ကို အားဇူ လို့ခေါ်"

"အားဇူလား"

ဇူအန် ကျီရှောင်ချီကို ပတ်ချာလည့်၍ သေချာကြည့်လိုက်သည်။ သူ့ရှေ့က ချစ်စဖွယ် မိန်းမပျိုလေးကို အထက်စီးဆန်ဆန် အေးစက်သော ကျန်းလော့ဖူ နှင့် ဆက်နွှယ်၍ မရပေ။ ဆက်မထိန်းနိုင်၍ ထုတ်မေးလိုက်သည်။
"ကျောင်းအုပ်ကျန်းက မင်းအမေလား"

ကျီရှောင်ချီ ခေါင်းအမြန်ယမ်းလိုက်ပြီး
"မဟုတ်ပါဘူး။ သူက ကျွန်မ ဒေါ်လေးပါ"

"ဒေါ်လေး" ဇူအန် သက်ပြင်းချ၍ စိတ်အေးသွားရသည်။
အမှန်ပဲ သာမန်လူက ကျောင်းအုပ်ကျန်းလို မိန်းမနဲ့ ဘယ်လိုက်ဖက်မလဲ။ သူက အပျိုပဲနေမှာပါ။ ဒါမျိုးက ငါ့လို ရုပ်ချောတဲ့သူကမှ ထိုက်တန်ရုံပဲ။

တစ်ချိန်တည်းမှာပင် ကျန်းလော့ဖူ ဇူအန်အငယ်ကောင်ကိစ္စ မည်သို့သိသွားကြောင်း နားလည်လိုက်သည်။ ကျင့်ကြံမှုအဆင့်မြင့်သူတစ်ချို့ သူ့အခြေအနေကို မြင်နိုင်မည်လား စိုးရိမ်နေသေးသည်။ ကံကောင်းစွာ ထိုသို့မဟုတ်ချေ။ တစ်လောကလုံး ထိုကိစ္စကိုသိသွားပါက ဇူအန် လမ်းပင်ထွက်ရဲတော့မည် မဟုတ်ပေ။

သို့သော် ဆွေးမျိုးပင်ဖြစ်လင့်ကစား ကျီတန်ထု သူ့အကြောင်းကို ကျန်းလော့ဖူအား ပြောပြခြင်းက အလွန်ဝတ္တရားမကျေခြင်းပင်။လူနာ၏ဆေးမှတ်တမ်းကို ထိန်းသိမ်းပေးခြင်းက ဆရာဝန်တိုင်းအလေးထားစရာ မဟုတ်ဘူးလား။

ဒီအရာက ကျီတန်ထု မိန်းမတိုင်းအား ငမ်းတတ်သော်လည်း အလှပဆုံး ကျန်းလော့ဖူကို မျက်ကွယ်ပြုထားသော အချက်ကို ရှင်းပြလေသည်။ လက်စသတ်တော့ သူက လှုပ်ရှားလို့ရတဲ့ အနေအထား မဟုတ်ဘူးကိုး။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora