175

300 42 0
                                    

Chapter 175: အစ္ကို

နှစ်ယောက်လုံး ခေါင်းလေးများထောင်ပြီး လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ မြင်းစီစစ်သားတပ်စုတစ်ခု သူတို့ဘက်သို့ ဒုန်းစိုင်းချီတက်လာနေကြသည်ကို တွေ့လိုက်ကြရသည်။ သူတို့သည် အလွန်လျှင်မြန်ကြသဖြင့် နှစ်ယောက်သား ရှိနေကြသည့် မြောင်းတူးသို့ ရောက်လာကြရန် အချိန်တခဏသာ ကြာလိမ့်မည်ဖြစ်သည်။

ချီတက်လာသော မြင်းစီးစစ်သားများ၏ စွမ်းအားအရ သူတို့နှစ်ယောက်သည် ချက်ချင်းအသားစများအဖြစ်သို့ ရောက်သွားကြမည်မှာ သံသယဝင်နေစရာပင် မလိုတော့ချေ။

ဇူအန် အလိုအလျောက် ဓာတ်မီးကို မြင်းစီးစစ်သားများဘက်သို့ ထိုးလိုက်သည်။ ထိုအခါ သူတို့ရှေ့၌ ဒိုင်းကာများဖြင့် ကာထားကြသည်ကို တွေ့လိုက်ရတော့သည်။ ထို့ကြောင့် သူ့ပစ်မှတ်ကို သူတို့စီးနေသည့် မြင်းများဘက်သို့ ပြောင်းရွှေ့လိုက်သည်။ ထိုအခိုက်တွင်လည်း သူတို့မြင်းများ၏ မျက်လုံးများကို အဝတ်စများဖြင့် ဖုံးထားကြသည်ကိုသာ တအံ့တသြဖြင့် မြင်ရပြန်လေသည်။

သူ လုံးဝဆွံ့အမှင်သက်သွားသည်။ ဘာလဲဟ။ မင်းတို့က ရွှံ့တွေနဲ့ လုပ်ထားတဲ့ တာရာကိုတာစစ်သားတွေလေ။ အဲ့အဝတ်စကို ဘယ်ကမ္ဘာကနေ ရလာကြတာလဲ။

မည်သို့ဆိုဆို သူ့ရှေ့မှောက် ရောက်လာသည့် သေရေးရှင်ရေးအခြေအနေကို ဖြေရှင်းရန် သူ နည်းလမ်းတစ်ခု ရှာတွေ့ဖို့လိုအပ်သည်။

သူ့စိတ်ထဲ အကြံတစ်ခု ထွက်ပေါ်လာသည်။ နေကြာပန်းသိုင်းကို အသက်သွင်းပြီး အခြေခံဓါးပညာမှ ‘ထိုး၊ပယ်’ အကွက်ကို အဆက်မပြတ်ထုတ်သုံး၍ မြေပြင်ပေါ်တွင် တွင်းသေးသေးလေးများ ဆက်တိုက်တူးနေလိုက်သည်။

လပြည့်ဝန်းကျောင်းတော်မှ သူ ရရှိသည့် အခြေခံဓါးပညာ၏ အလွန်ရိုးစင်းပုံ ပေါ်နေသည့် သိုင်းကွက်ကို သူ တကယ်အထင်ကြီးမိသည်။ ‘ထိုး၊ပယ်’ ၏ သဘောသဘာဝသည် လှုပ်ရှားသည့်အချိန်တွင် အပြည့်အဝ ပေါ်လွင်လာသည်။ သူ့ဓားမြောင်က ကျောက်တုံးများကို ကျွမ်းကျွမ်းကျင်ကျင် ထိုးယူပုံနှင့် ဘေးသို့ ပစ်ဖယ်လိုက်ပုံတို့က သက်သေပင်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now