11

527 71 0
                                    

Chapter 11: အန္တရာယ်များ ဝန်းရံလျက်..

နောက်ကွယ်ကလူသည် ချူချူယန် ကိုယ်တိုင်ဖြစ်နေပါက ဇူအန် ကိုယ့်ကံကြမ္မာကိုယ်ပိုက်ပြီး အားနည်းချက်ကို ဖွင့်ဟရန်သာ ရှိတော့သည်။ ကံကောင်း၍ ချူချူယန် မဟုတ်ခဲ့ပေ။

ဇူအန် အတွေးများကို ရုတ်သိမ်း၍ နွေဦးပန်းကို ပြောလိုက်သည်။
"မင်းရောက်လာတာ အချိန်ကိုက်ပဲ ဒီငွေက မင်းရွေ့ပြောင်းစရိတ်အတွက် လောက်ငှသွားတယ်။ ငါစစ်တပ်ကို နောက်ဆုံးပို့လိုက်မိန်းကလေးက သိပ်မခံလောက်တော့ဘူး။ သူ့နေရာကို မင်းအစားထိုးရမယ်"

"ရွေ့ပြောင်းစရိတ်ဟုတ်လား"
နွေဦးပန်း တစ်ခုခုမူမမှန်တာကို သိလိုက်သည်။
"နေဦး သူကဘာလို့ စစ်တပ်ထဲမှာလဲ"

"မင်းမသိဘူးလား" ဇူအန်က အံ့သြသွားပုံရသည်။
"ငါ့မိန်းမက အကုန်လုံးပြည့်စုံတယ် တစ်ခုပဲချို့ယွင်းချက်ရှိတာ သူကငါ့ကိုချစ်လွန်းပြီး သဝန်တိုလွန်းတာပဲ။ နောက်ဆုံးအကြိမ် ငါမိန်းမတစ်ယောက်ခေါ်လာတုန်းက သူမဇာတ်လမ်းဆင်ပြီး အဲ့မိန်းမကို စစ်တပ်ထဲပို့၊ စစ်သားတွေကို ပြုစုခိုင်းလိုက်တယ်လေ။ ဘုရားသခင်။ သူ့မှာ တစ်နေ့တစ်နေ့ အခန်းထဲကကို မထွက်ပဲ သာယာနေရတယ်။ ငါတောင် သူ့ကိုသနားတယ်  "

သင်သည် ချူချူယန်ထံမှ အမျက်ပွိုင့်၄၃၃ ရယူလိုက်သည်။

ချူချူယန်သည် သူမကိုဤသို့ ဇာတ်လမ်းဆင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ အိမ်တော်ဝင်များမှ သူမကိုကြည့်သော ထူးထူးဆန်းဆန်း အကြည့်များအား ခံစားမိ၍ ဇူအန်ကို ပထမဆုံးအကြိမ် သတ်ချင်စိတ် ပေါ်လာရသည်။

သို့သော် ရှေ့နှစ်ရက်မှ အဖြစ်အပျက်များသည် အလွန်ထူးဆန်းနေသည်။ သူက သူမ လိုချင်သည့်အတိုင်း အားလုံးလုပ်ပေးခဲ့သည်။
သတို့သားနောက်တစ်ယောက် ထပ်ရှာလျှင် အိမ်တော်ကို မကောင်းသတင်းများ ဖုံးလာနိုင်သည်ပင်။

အရာအားလုံးကို ခြုံတွေး၍ တိတ်ဆိတ်စွာ ဆက်လက်ထိုင်နေလိုက်သည်။

"စစ်တပ်လား" နွေဦးပန်း ထိပ်လန့်သွားရသည်။ အပျော်မယ်များသည်လည်း အဆင့်ရှိသည်။  ဂန္တဝင်အပျော်မယ်များသည် ပန်းဘုရင်မများဖြစ်ပြီး သူတို့အောက်တွင် အထက်တန်းစား ပြည့်တန်ဆာ ဟူ၍ရှိသည်။
ထို့နောက်တွင်မှ ဆောင်ကြာမြိုင်တွင်အလုပ်လုပ်သော သူမလို အပျော်မယ်များပင်။ အနိမ့်ဆုံးအဆင့်ကတော့ စစ်တပ်တွင် ခစားရသူများပင်ဖြစ်သည်။ အများစုသည် ကြီးမားသောပြစ်မှုကြောင့် အပြစ်ပေးခံရခြင်းဖြစ်ကြသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now