195

326 47 0
                                    

Chapter 195: တောစောင့်နတ်မျိုးနွယ်

ပုရွတ်ဆိတ်တစ်ကောင် နှင့် အမှန်တကယ် ချစ်ကြိုက်မိနိုင်သည် ဟူသော အတွေးက မိန်လိ၏ ခံစားမှုများကို လုံးဝ ရှုပ်ထွေးသွားစေသည်။

သူမ ယုံမှားသံသယဖြစ်နေသည့် အခွင့်အရေးကို အသုံးချကာ ဇူအန်သည် ကမ္ဘာဦးမူလကျင့်စဉ် ကို သုံး၍ ဒဏ်ရာကုသလိုက်သည်။ သူ၏ ခန္ဓာကိုယ် မှာ ကမ္ဘာဦးကီဖြင့် ထုဆစ်ခဲ့သောကြောင့် ယခင်ကထက် များစွာ ပိုမိုအကြမ်းခံနေပြီဖြစ်သည်။
အတိတ်ကာလတွင် ဤကဲ့သို့ ပြင်းထန်သော ရိုက်ချက်ကို ခံလိုက်ရပါက သူ၏ ရင်ဘတ်မှာ ဓားကီကြောင့် ပွင့်ထွက်သွားမည်ဖြစ်သည်။ သူ၏ ရင်ဘတ်ထဲ ရှိသမျှ အင်္ဂါများလည်း အသားအစုအပုံများ ဖြစ်သွားတော့မည်ဖြစ်သည်။

ယခုအခိုက်အတန့်တွင် သူ၏ရင်ဘတ်၌ ဒဏ်ရာနက်နက်တစ်ခုသာ ရှိနေတော့သည်။ ၎င်းမှာ အသက်ဘေးဖြစ်နိုင်သော ဒဏ်ရာတစ်ခုဆိုမှာ မှားစရာမရှိပေ။ သို့သော် ၎င်းသည် မျက်လုံဖြင့်မြင်ရသော နှုန်းထားတစ်ခုဖြင့် ပြန်လည်ကုသနေသည်။
ရင်ဘတ်မှာ ဓားကို ဆွဲနှုတ်ရသည်မှာ သူ့အဖို့ မလွယ်ကူခဲ့ပေ။ ဓားနှင့် နံရိုးကြား ပွတ်မှု အသံသည် ဇူအန်ကို ခတ္တငေးငိုင်သွားစေမိသည်။ အကယ်၍ အဲ့ဒီလိုမျိုး အရင်ဘဝမှာ ဖြစ်ခဲ့ရင် ငါတော့ အကြောက်လွန်ပြီးသေမှာပဲ။

တစ်ချိန်တည်းမှာပင် ချူချူယန် ၏ ဓားဖြင့် မေးခိုင်ပိုး ကူးစက်ခံရနိုင်မလားဟု တွေးမိလိုက်သည်။ ထိုသို့ဖြစ်လာပါက အလွန်ဆိုးရွားမည်ဖြစ်သည်။ သို့သော်လည်း သူ၏ လက်ရှိ ခန္ဓာကိုယ်ဖြင့် ထိုကဲ့သို့သော ရောဂါမျိုးက သူ့ကို အလဲထိုးရန် ခက်ခဲလိမ့်မည်ကို အသိအမှတ်ပြုလိုက်သည်။

“နင်…ဘာ...ဘာတွေလုပ်နေတာလဲ” သိပ်မဝေးသော နေရာတစ်ခုမှ ရှောင်းရွှယ်ယင် ၏ တုန်ယင်နေသော အသံထွက်ပေါ်လာသည်။ တံခါးနားတွင် ရှိနေစဉ် လှုပ်ရှားသံများ ကြားရသောကြောင့် သူမ အပြေးအလွှားရောက်လာခြင်းဖြစ်သည်။
မြင်ကွင်းက သူမကို အမှန်ပင် ထိတ်လန့်စေခဲ့သည်။ ဇူအန်မှာ ဂူနံရံမှ သွေးစီးကြောင်းတစ်ခုဖြင့် အောက်သို့ လျှောကျနေသည်။ သူ၏လက်ထဲတွင် သွေးများပေနေသော ရင်းနှီးနေသော ဓားတစ်ချောင်း ကိုင်ထားသည်ကို ခပ်မှိန်မှိန် တွေ့လိုက်ရသည်။
အဲ့ဒါက ချူချူယန်ရဲ့ နှင်းပန်း ဓားမဟုတ်ဘူးလား။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now