22

427 63 3
                                    

Chapter 22: အဆိပ်သင့်ဖင်တုံး

အမိန်းရပြီးနောက် ဝံပုလွေများသည် နည်းလမ်းပြောင်းလိုက်သည်။ တစ်ချို့အကောင်များက အရှေ့ပိုင်းတွင် အာရုံလွှဲ၍ ကျန်သူအားလုံးက အနောက်ပိုင်းကို ဝန်းရံလိုက်ပြီး စအိုကိုကိုက်ရန် ကြိုးပမ်းကြသည်။

မျက်လုံးနီကြံ့ရူးသည် ဒေါသထွက်သွားသည်။
ဒီနေ့မှ ဘာလို့ငါ့ဖင်ကိုပဲ လိုက်တိုက်ခိုက်နေကြတာလဲ။

ကြံ့ရူးသည် ကြံခိုင်သော်လည်း ဝံပုလွေများမဖောက်နိုင်သော အရေပြားထူထူသည် အီအီးပါသည့်အပိုင်းအထိတော့ မရောက်ပေ။ ကြံ့ရူးကိုယ်၏ အထိခိုက်လွယ်ဆုံးအပိုင်းမှာ စအို ဖြစ်နေလေသည်။

မျက်လုံးနီကြံ့ရူးက စက်ဆုပ်ဖွယ်ဝံပုလွေများကို ဖယ်ရန်ကြိုးစားသော်လည်း လျင်မြန်ဖျက်လက်သော ဝံပုလွေများနှင့်ယှဉ်လျှင် နှေးကွေးလွန်းနေသည်။ ဆယ်ကြိမ်ကျော်ကြိုးစားပြီးနောက် အားကုန်၍ သူ့ခေါင်းမှာ မူးနောက်လာလေပြီ။

ဝံပုလွေများက ထိုအခွင့်အရေးကို အသုံးချကာ ကြံ့ရူးကို အစွမ်းကုန် တိုက်လေသည်။ ကြံ့ရူး တုန်လှုပ်သွားသည်။

ငါဒီနေရာစုတ်ကို အစတည်းက မလာသင့်ဘူး ။ အဲ့တာ ဟိုလူသားအရိုင်းအစိုင်းကြောင့်ပဲ။

သင်သည် မျက်လုံးနီကြံ့ရူး ထံမှ အမျက်ပွိုင့် ၂ ရယူလိုက်သည်။ ၂..၂..၂..

သူက စိတ်တိုနေသော်လည်း လိုအပ်ချိန်တွင် ထွက်ပြေးရန် ဝန်မလေးပေ။ သူက အမြှီးကိုလှည့်၍ ဝံပုလွေသားရဲတွင်းအဝင်ပေါက် ကို ပြေးရန်ပြင်လေသည်။

ဝံပုလွေများကလည်း ပြေးလမ်းကို ပိတ်လိုက်သည်။ ဤကဲ့သို့ သူတို့တံခါးဝကို အရောက်ပို့လာသော အစာအား ပြန်လွှတ်ရန် အကြောင်းမရှိပေ။

ချောက်ထိပ်မှကြည့်ရင်း ကျီရှောင်ချီ ကြံ့ရူးကို သနားလာလေသည်။.
"မျက်လုံးနီကြံ့ရူးက တင်ပါးကွဲဝံပုလွေတွေကို ဘယ်လိုမှ မယှဉ်နိုင်လောက်ဘူး။ တခြား တိုက်ခိုက်မှုကောင်းပြီး ဖျတ်လက်တဲ့ အဆင့်မြင့်သားရဲဆို တင်ပါးကွဲဝံပုလွေတွေ တိုက်ရဲမှာတောင် မဟုတ်ဘူး"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now