152

282 47 0
                                    

Chapter 152: သူငယ်ချင်းရဲ့မိန်းမကိုတော့ မတပ်မက်သင့်

ယင်းစကားများကြောင့် အကုန်လုံးက ရှီခွန်းကို တအံ့တသြဖြင့် လှည့်ကြည့်လိုက်ကြသည်။

“…” ရှောင်းရွှယ်ယင်

“…” ရှီခွန်း၏ အစေခံများ

ရှောင်းရွှယ်ယင် သည် သူ့သခင်လေးက စိတ်လွတ်သွားပြီလားဟုပင် စတွေးမိသွားသည်။ သူက ဘယ်လိုလုပ် ဇူအန်နဲ့ မိတ်ဆွေဖြစ်နိုင်မှာလဲ။ အဲ့ဒါက လုံးဝမဖြစ်နိုင်တာကြီး။

ချူချူယန်လည်း လုံးဝအံ့အားသင့်သွားသည်။ ဒီတစ်ခါရော ရှီခွန်းက ဘာတွေကြံစည်နေပြန်ပြီလဲ။

သို့သော် သူတို့အားလုံးထဲမှ အအံ့အားသင့်ဆုံးသူသည် အခြားသူမဟုတ်ဘဲ ရှီခွန်း ကိုယ်တိုင်ဖြစ်သည်။ သူ့ဦးခေါင်းထဲ၌ ကွဲပြားဆန့်ကျင်သော အကြောင်းအရာနှစ်ခု ထွက်ပေါ်လာပြီး ကောင်းကောင်းမစဉ်းစားမချင့်ချိန်နိုင်တော့သည့်ပမာ ခံစားလိုက်ရသည်။ သူ့ကိုယ်သူ ရူးသွားပြီလားဟုပင် တွေးမိလိုက်၏။

ထိုအချိန်၌ ဇူအန်က သက်မချလိုက်သည်။ အရေးကြုံသည့်အချိန်၌ ‘သူဌေးတစ်ယောက်ကို မိတ်ဆွေဖွဲ့ခြင်း’ ဆိုသည့် ပညာရပ်ကို အသုံးပြုရန် သူ ဆုံးဖြတ်ချက်ချခဲ့သည်။

ဒါပေမယ့်လည်း ဒီပညာက ငါ့ပိုက်ဆံတွေကို ဘယ်လိုနှုတ်ယူသွားတာလဲ။ ငါ့ငွေတွေက ဒီအတိုင်း ဆန်းဆန်းပြားပြားနဲ့ ပျောက်ကွယ်သွားမှာလား။ ပိုအရေးကြီးတာက ငါ့ငွေတွေကို ပြန်သွားယူဖို့ လိုမလား ဒါမှမဟုတ် ငါ့မှာ ရှိနေတဲ့ ပိုက်ဆံတွေကိုပဲ ဆိုလိုတာလား။

ဟာ…အလုပ်ဖြစ်တယ်ဟ…သောက်ကျိုးနည်း…ငွေစတစ်သိန်း ကို ဒီတိုင်း ငါ ဆုံးသွားတာပေါ့။ မီးပန်းတွေတောင် ဘန်းခနဲ ပေါက်ပြီး ပျောက်ကွယ်သွားကြသေးတယ်။ ငါ့ ငွေစတစ်သိန်း ကတော့ ဒီအတိုင်းပဲ ဗြုန်းခနဲ ပျောက်ကွယ်သွားရတယ်။

ယင်းပညာအား အသုံးပြုရန် သူ့ကို ဖိအားပေးလိုက်သည့် တရားခံကို ကြည့်ရုံလေးက သူ့ကို အကြီးအကျယ် ဒေါသထွက်သွားစေသည်။ သို့သော် သူ့ကိုယ်သူ ပြုံးပန်းဆင်ရန် ဖိအားပေးလိုက်သည်။ ရှီခွန်းကို ပွေ့ဖက်ဖို့ ပြင်ဆင်ထားသည့်ပမာ ရင်ဘတ်ဖွင့်ထားရင်း သူ့ဘက်သို့ လျှောက်သွားလိုက်သည်။ “အဲ ငါ့သူငယ်ချင်းလေး..ခုန ငါတို့ကြား ဖြစ်ပျက်ခဲ့တဲ့ အထင်လွဲမှုတွေအတွက် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now