ဇာတ်လမ်းအကျဉ်း

26.7K 742 3
                                    

အကျဉ်းချုပ်

“မှားယွင်းတဲ့ချစ်ခြင်းတရားများ”ဆိုတဲ့ ဝတ္ထုတခုမှာ ဟော်ဝူလို့ခေါ်တဲ့ ဇာတ်ရံအမျိုးသမီးက သူနဲ့မသက်ဆိုင်တဲ့ အခြားသူတယောက်ရဲ့ စည်းစိမ်တွေနဲ့ မင်းသမီးတပါးအလား ၁၈နှစ်နီးပါးနေခဲ့ရတယ်။

သူပိုင်ဆိုင်သမျှ စည်းစိမ်တွေအားလုံးက ဇာတ်လိုက်အမျိုးသမီးရဲ့ ပိုင်ဆိုင်မှုတွေပါ။

မတော်တဆမှုတခုမှာ ဇာတ်ရံအမျိုးသမီးရဲ့ ပုံစံအမှန်က ဘွင်းဘွင်းကြီးကို ပေါ်ပေါက်သွားခဲ့တယ်။

သူနဲ့ ဇာတ်လိုက်အမျိုးသမီးက သူတို့နဲ့သက်ဆိုင်တဲ့ နေရာကိုယ်စီကို နောက်ဆုံး ပြန်ရောက်သွားကြတယ်ဆိုပေမယ့်လည်း ဇာတ်လိုက်အမျိုးသမီးက သူ့ကို မျက်စိပါးမွှေးစူးဆဲဖြစ်ပြီး အသားထဲကိုထုတ်ချင်းပေါက်စိုက်ဝင်နေတဲ့ဆူးတချောင်းလို အညိုးထားခဲ့တာကြောင့် နောက်ဆုံးမှာ ဇာတ်ရံဟာ ဇာတ်သိမ်းမလှခဲ့ပါဘူး။

သိပ်နာမည်မရှိတဲ့ သရုပ်ဆောင်တယောက်ဖြစ်တဲ့ ဟော်ဝူ တယောက် သူနဲ့နာမည်ချင်းဆင်နေတဲ့ ဇာတ်ဆောင်တယောက်ပါတဲ့ ဝတ္ထုကိုဖတ်လိုက်ရပြီးချိန်မှာတော့ ကြက်သီးမွှေးညင်းထသွားပါတယ်။

အဓိကဇာတ်လိုက်အမျိုးသမီးကိုက သိပ်ထက်မြက်လွန်းတယ်။  သူ့အနေနဲ့ ယှဉ်နိုင်ဖို့မလွယ်ပါဘူး။

သူဖတ်တဲ့ဝတ္ထုထဲကလိုမျိုး ဇာတ်သိမ်းမလှတာမျိုးမကြုံရအောင်လို့ ဟော်ဝူ တယောက် သူရဲ့ “အကို”လို့ခေါ်သူရဲ့ ပေါင်တုံးကြီးတွေကို အကာအကွယ်တခုအနေနဲ့ ဖမ်းဆွဲထားလိုက်ဖို့ကြံစည်ပါတော့တယ်။

ပူဇော်မှုကို အထူးခံယူထိုက်တဲ့ သူရဲ့ပေါင်တုံးကြီးတွေက သိပ်သန်မာပြီး ဒီအထက်တန်းစား “အကို”မလုပ်နိုင်တဲ့ အရာဆိုလို့ မရှိသလောက်ပါပဲ။
ဒါပေမယ့်…

သူ့ကိုဖမ်းစားထားပြီးတဲ့နောက်မှာ ဟော်ဝူတယောက်လည်း သူ့ပယောဂနဲ့သူ အကျယ်ချုပ်မိသွားပါတော့တယ်။

ဟော်ဝူတယောက် မျက်တောင်လေးကို တချက်ခတ်လိုက်ပြီး “ကျွန်မရဲ့ အကိုအဖြစ်နဲ့က ပိုမကောင်းဘူးလား ရှင်ရယ်”

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now