Chapter 86

3.7K 388 1
                                    

Chapter 86

ဟော်ယွီစန်သည် အချိန်မီကြားဖြတ်ပြီး
"ငါ့ညီမက အထက်တန်းကျောင်းသူလေးပဲရှိသေးတယ်"ဟု ပြောလိုက်သည်။
ဆိုလိုချက်မှာသူမဟာ ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ယောက်မဟုတ်ဘူးဟု အဓိပ္ပာယ်ဖွင့်ရမည်။ သရုပ်ဆောင်စွမ်းရည်သည်လည်း အကန့်အသတ်ရှိသည်။

ဟော်ဝူသည် မည်မျှကောင်းစွာသရုပ်ဆောင်နိုင်သည်ကို ဟော်ယွီစန်မသိခဲ့ပါ။ သူသိသည်မှာ သူ့ညီမသည် သရုပ်ဆောင်ခြင်းကိုနှစ်သက်သည်။ထို့ကြောင့်  သူမလျှောက်လှမ်းဖို့အတွက် သူအကောင်းဆုံးလမ်းဖောက်ပေးမည်။

ပိုက်ဆံသည်ပြသနာမဟုတ်ပါ။ သူ့မှာအများအပြားထက်ကို ပို၍ရှိသောကြောင့်ဖြစ်သည်။

အဆက်အသွယ်များစွာရှိသောကြောင့် ဒါဟာလည်းပြဿနာမဟုတ်သေးပါ။

သူ့မှာ ငွေကြေး၊ အဆက်အသွယ်တွေရှိတာကြောင့် သူမ၏ သရုပ်ဆောင်စွမ်းရည်က နိမ့်နေတယ်ဆိုရင် တောင်ပြဿနာရှိမှာ မဟုတ်ပါ။

သူမသည် မည်သည့်အရာကိုမှ ပူပန်နေစရာမလိုဘဲ သူမအနှစ်သက်ဆုံးအရာကို အာရုံစိုက်နိုင်သည်။ကျန်တာ သူ့အတွက်ဂရုစိုက်ပေးမည်။

ဒုတိယမြောက်အမျိုးသမီးဇာတ်ဆောင်နေရာသည် သူမ၏လက်ထဲသို့ ရောက်လာမည်ကို ဟော်ဝူသိပါသည်။ သို့သော် ၎င်းသည် သူမ၏ကိုယ်ပိုင်ကြိုးစားမှုကြောင့်မဟုတ်ဘဲ ဖုယီနင် နှင့်‌ ဟော်ယွီစန်ဖတို့၏ရင်းနှီးမှုကြောင့်ဖြစ်သည်။

ဖုယီနင်၏ မျက်နှာပေါ်တွင် မပျော်မရွှင် အရိပ်အယောင်ကို မြင်လိုက်ရသောအခါ သူမစိတ်မဆိုးပေ။ သူမနှုတ်ခမ်းထောင့်တွေအား အပေါ်ကို ကွေးညွတ်ပြီးပြောလိုက်သည်။
"မင်းရဲ့ရုပ်ရှင်က ကျောင်းဝင်းထဲက အချစ်ဇာတ်လမ်းကို အခြေခံထားတာဆိုတော့ ငါပုံမှန်လုပ်သလိုပဲ ငါသရုပ်ဆောင်လို့ရလား"

ဖုယီနင်သည် သေချာတွေးတောပြီး ဟော်ဝူကိုကြည့်နေသည်စက္ကန့်အနည်းငယ်အကြာတွင် သူမကို မေးခွန်းတစ်ခုမေးလိုက်သည်။
"ကျွန်တော်လက်ရှိရိုက်ကူးနေတဲ့"ရင်ခုန်သံများဆူညံ" ဇာတ်ကားအကြောင်း ကြားဖူးလား"

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now