Chapter 74

4K 419 3
                                    

Chapter 74

“ဒါကြောင့် မင်းရဲ့အိပ်မက်တွေနောက်ကိုလိုက်ပြီး မင်းလုပ်ချင်တာကိုလုပ်ပါ”

ဟော်ဝူသည် မျက်တောင်ခတ်ပြီးဟော်ယွီစန်အား ရုတ်တရက် မေးလိုက်သည်။
“ အစ်ကိုကရော အစ်ကို့မှာလုပ်ချင်တာတွေ မရှိဘူးလား။ အစ်ကို့မှာအိပ်မက်တွေ မရှိတော့ဘူးလား။ ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းချင်သေးသလား။ လှပတဲ့ ကောင်းကင်ကြီးကို အရှိန်နဲ့ ဖြတ်ပြီး ခံစားရတဲ့ခံစားချက်ကိုမကြိုက်တော့ဘူးလား”

ဟော်ယွီစန်သည် သူမ၏မေးခွန်းကို ရယ်မောလိုက်သည်။ “ကိုယ့်မှာလုပ်ရမယ့်တာ၀န်တွေအများကြီးရှိတယ်။ အဲ့နောက်ကိုပဲလိုက်မှာ”

ဟော်ဝူသည် သူ၏အဖြေကို ကြားလိုက်ရသောအခါ နာကျင်စွာတုန်လှုပ်သွားသည်။

သူတို့၏အဖိုးမှာ သမီးတစ်ယောက်ပဲရှိပြီး  သူ့မိန်းမနဲ့သမီး ဆုံးပါးသွားတော့ သူ့မြေးနဲ့ မြေးတစ်ယောက်ပဲ ကျန်တော့သည်။

အဘိုးသည် သူ့ဘဝတစ်လျှောက်လုံး ကိုယ်ပိုင်စီးပွားရေးအင်ပါယာကို ဖန်တီးကာ စီးပွားရေးလောကတွင် အခိုင်အမာခြေကုပ်ယူခဲ့သည်။ ထိုကဲ့သို့သော ကုမ္ပဏီကြီးတစ်ခုကိုအမွေဆက်ခံယူရန်
လိုအပ်ခဲါသည်။ ဟော်ယွီစန်နှင့် ဟော်ဝူတို့နှစ်ယောက်တွင် ဟော်ယွီစန်သည် ကုမ္ပဏီကို အမွေဆက်ခံရန် ပိုမိုသင့်လျော်ကြောင်းထင်ရှားသည်။ဟော်ယွီစန်သည် သူ့အဖိုးတစ်ဘ၀လုံးတည်ဆောက်ခဲ့သော ကုမ္ပဏီကိုဦးဆောင်နိုင်သောအရည်အချင်းရှိပါသည်။

ရလဒ်အနေဖြင့် ဟော်ဝူသည်သူမလိုချင်တာကို လုပ်နိုင်ပြီး သူမလိုချင်တဲ့ ဘဝကို ဖြတ်သန်းနိုင်သော်လည်း ဟော်ယွီစန်ဟာ သူမကဲ့သို့မဟုတ်ပါ။ဟော်ယွီစန်သည် တစ်ချိန်ကငယ်ရွယ်နုပျိုပြီး ပျော်ပျော်နေတတ်သောသူဖြစ်သည်။ သူ့မှာ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ သူ့အနာဂါတ်အတွက် သူ့ကိုယ်ပိုင် အစီအစဉ်တွေရှိခဲ့‌သော်လည်း လက်တွေ့မှာတော့ အားလုံးပျက်စီးသွားခဲ့သည်။

ဟော်ဝူသည် ဘာကြောင့်လဲဆိုတာ နားမလည်‌ သော်လည်း ဟော်ယွီစန်အတွက် သူမ၏နှလုံးသားကနာကျင်နေခဲ့သည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now