Chapter 76

3.9K 417 2
                                    

Chapter 76

ဟော်ယွီစန်၏ရှေ့မှာ တခြားတစ်‌ယောက်အ‌ကြောင်းကို သူမဘယ်လိုများတွေးနေနိုင်တာလဲ။

ဟော်ဝူသည် သူမ၏စိတ်ကို အမြန်ရှင်းထုတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က လှပသောမီးရှူးမီးပန်းများကို ခံစားကြည့်ရှုရန် အာရုံစိုက်ခဲ့သည်။

ကောင်းကင်မှာ မီးရှူးမီးပန်းတွေ အစီအရီ ဆက်တိုက် တောက်ပနေခဲ့သည်။

သို့သော် ကောင်းကင်တွင် ရောင်စုံမီးရှူးမီးပန်းများ ပျောက်ကွယ်မသွားမီ စက္ကန့်ပိုင်းမျှသာကြာခဲ့သည်။

တစ်စုံတစ်ခုသည် အဘယ်ကြောင့် လှပသော မီးရှူးမီးပန်းများကဲ့သို့ လျှပ်တပြတ်ပျောက်ကွယ်သွားရသနည်း။

ဘာကြောင့်လဲဆိုတော့ သာယာလှပတဲ့ နေ့တစ်နေ့ဟာ အမြဲတမ်း ကုန်ဆုံးသွားမှာဖြစ်ပြီး လူတွေဟာ အတူတူရှိနေချိန်တွေကို မြတ်နိုးသင့်ပါသည်။

ဥပမာ၊ ညီမငယ်တစ်ဦးအနေဖြင့်ဟော်ဝူသည် ဟော်ယွီစန်နှင့်အတူရှိ‌နေသောမိနစ်တိုင်းနှင့်စက္ကန့်တိုင်းကိုတန်ဖိုးထားသင့်သည်။

နှစ်သစ်ကူးနေ့ကုန်ဆုံးပြီးနောက် ဟော်ယွီစန်သည် လည်းအလုပ်ပြန်လုပ်ရပြီး ဟော်ဝူသည်လည်းကျောင်းပြန်တက်ရသည်။

ဟော်ဝူအတန်းထဲရောက်သောအခါ ယွီချင်းချင်းသည် ရောက်နှင့်နေပြီဖြစ်သည်။ သူမသည်စောစောရောက်နေတာမို့ ဟော်ဝူနှင့်စကားပြောလို့ရပါသည်။

သူမသည်ဟော်ဝူ စာသင်ခန်းထဲဝင်လာလာချင်း ဟော်ဝူဆီသို့ ပြေးလာပြီးစိတ်မပျော်ရွှင်စွာပြောလိုက်သည်။
“ဟော်ဝူ နင် ရည်းစားရှာတွေ့နေပြီလား။ငါသွားဖို့ခေါ်လိုက်တိုင်း နင်ကမလာဘူး။ ဘာလို့လဲ”

ဟော်ဝူသည် ခရစ္စမတ်နှင့် နှစ်သစ်ကူးအကြို တွင်ယွီချင်းချင်း၏ဖိတ်ကြားခြင်းကို နှစ်ခေါက်လုံးမသွားခဲ့ပါ။ ဟော်ဝူတွင် ချစ်သူမရှိပါဘဲ အဘယ်ကြောင့် သူမ၏ အချစ်ဆုံးသူငယ်ချင်းနှင့်အပြင်တူတူမသွားသနည်း။

ဟော်ဝူသည် သူမမျက်လုံးတွေကို အပြစ်ကင်းစင်စွာပုတ်ခတ်လိုက်ပြီး အခြေအနေကိုအမှန်အတိုင်း ရှင်းပြလိုက်ပါသည်။
“အဲ့တာ ငါ့အစ်ကိုနဲ့ အားလပ်ရက်တွေကို ကုန်ဆုံးနေလို့ပါ”

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now