Chapter 56

4.5K 440 4
                                    

ဒါလေး စဆုံးပြီးသွားပါပြီရှင့်။  ဒီနေ့နဲ့ မနက်ဖြန်မှာ လူဝင်တာကို လက်ခံမှာပါရှင့်။ အထူးအနေနဲ့ ဒီ2ရက်မှာ 3500နဲ့ ဝင်လို့ရပါမယ်ရှင့်။ ပြီးရင်တော့ GP ကို ပြောထားတဲ့အတိုင်း ခနပိတ်ပါမယ်ရှင့်။

အားလုံး သာယာတဲ့နေ့ရက်များကို ပိုင်ဆိုင်ကြပါစေရှင့်

Chapter 56

ဟော်ဝူသည် စားပွဲထိုးပြောသည့် အချိုပွဲများ၏ ရှည်လျားသော နာမည်များကိုမမှတ်မိပဲ နောက်ဆုံး စကားလုံးအနည်းငယ်သာ မှတ်မိနေပါသည်။  သို့သော်အရေးမကြီးတော့ပါ။ အဘယ်ကြောင့်ဆိုသော်သူမသည် လက်ကိုဝှေ့ယမ်းပြီးရဲရင့်စွာပြောလိုက်သည်။
"ခုနကရွတ်ပြတဲ့ အချိုပွဲအားလုံး  ချပေးပါ"

စားပွဲထိုးသည် ဟော်ဝူ၏နူးညံ့သိမ်မွေ့သောမျက်နှာနှင့် သွယ်လျသောအသွင်ကို တစ်ချက်ကြည့်လိုက်သည်။

အထူးသဖြင့် ဘုရားသခင်နှစ်သက်သော လူတစ်စုဤလောက၌ရှိခဲ့သည်။

ထိုလူများသည် အပြစ်အနာအဆာကင်းသော အသွင်အပြင်ရှိရုံသာမက သြဇာရှိသော မိသားစုနောက်ခံလည်း ရှိကြပေမည်။ အရေးကြီးဆုံးအချက်မှာကိုယ်အလေးချိန်မတက်သောကြောင့် ညဘက်အချိုပွဲစားရန်ပင် မကြောက်ကြခြင်းပင်ဖြစ်သည်။

ဟော််ယွီစန်သည် အသားဟင်းများကို မှာထားပြီးပြီးဖြစ်သောကြောင့် စားပွဲထိုးသည် စားပွဲပေါ်မှမီနူးကိုကောက်ယူသွားသည်။

စားပွဲထိုးထွက်သွားပြီးနောက် ဟော်ယွီစန်နှင့် မိုနီယာတို့သည် ၎င်းတို့၏လုပ်ငန်းကို ဆက်လက်ဆွေးနွေးကြပြီး ဟော်ဝူကတော့သူတို့ပြောနေသည့်အရာများကို နားမလည်သောကြောင့် သူမဘာသာနေခဲ့သည်။

ကံကောင်းထောက်မစွာ၊ ဟိုတယ်သည် အစားအသောက်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးရာတွင် အလွန်ထိရောက်ပါသည်။ သူတို့မှာထားတဲ့ ဟင်းလျာတွေက အချိန်တိုအတွင်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

စားပွဲထိုးမှ လှပသော အချိုပွဲများကိုတစ်ပန်းကန်ပြီးတစ်ပန်းကန်လာချပြီးနောက် ဟော်ဝူ၏ အမူအရာမှာမပြောင်းလဲဘဲ မစ္စတာမိုနီယာ၏ မျက်နှာအမူအရာမှပြောင်းလဲခဲ့သည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now