Chapter 07

6.3K 603 3
                                    

Chapter 7

ဟော်ဝူတယောက် ဟော်ယွီစန်နဲ့ မတွေ့ခင်ကတည်းက သူ့ရဲ့ပေါင်တုံးကြီးတွေကို ဆွဲဖက်ထားလိုက်ဖို့ ကြံစည်ပြီးသားပါ။

ဟော်ယွီကျင်းက အရမ်းကိုဆွဲဆောင်မှုရှိပြီး ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်ပါတယ်။  မိုဇယ်ဟာ နဂိုက အရမ်းကို မြှာပွေတဲ့သူတယောက်။  ဒါပေမယ့် သူ ဟော်ယွီကျင်းကိုတွေ့ပြီးနောက်မှာ ခြေငြိမ်သွားပြီး သူ့နှလုံးသားတခုလုံးကို ယွီကျင်းကို ပုံအပ်ခဲ့ပါတယ်။  လောကကြီးက မိန်းမချောတွေနဲ့ ပြည့်နှက်နေတာဆိုပေမယ့် မိုဇယ်ကတော့ တယောက်ဆိုတယောက် ပိတောက်ဆိုပိတောက်ပါပဲ။  လင်နဲ့မယား ပေါင်းဖက်မိသွားချိန်မှာတော့ သူတို့နှစ်ယောက်ကို လောကကြီးမှာ တားနိုင်မယ့်သူ မရှိတော့ပါဘူး။

ဟော်ယွီကျင်းက အတော်လေးကို လက်ပေါက်ကပ်တဲ့သူတယောက်။  တယောက်ယောက်ကို သူ့မျက်စိထဲမတွေ့ဘူးဆိုတာနဲ့ အဲ့လူဘဝစုတ်ပြတ်သတ်သွားတဲ့အထိကို ဒုက္ခပေးလိုက်ရမှ ကျေနပ်တာ။

သူ့ရဲ့ သမီးအရင်းက ၁၈နှစ်လုံးလုံး ပင်ပန်းဆင်းရဲစွာနဲ့ကြီးပြင်းခဲ့ရတော့ ဟော်ယွီအွာက စိတ်ထဲမှာ အပြစ်ရှိသလို တချိန်လုံးခံစားနေရတာကြောင့် သူ့သမီးလိုချင်သမျှအရာတိုင်းကို ဖြည့်စည်းပေးဖို့ဆုံးဖြတ်ထားပါတယ်။

ဟော်ယွီကျင်းက ဟော်ဝူကို လုံးဝမမြင်ချင် မတွေ့ချင်ပါဘူး။  ဒါကြောင့် ဟော်ဝူကို ကျန်း မိသားစုကို ပြန်ပို့ဖို့ သူ့အဖေအရင်းကို အကြံပေးပါတယ်။  ကျန်းဖန်က ဟော်ဝူရဲ့ မိဘအရင်းတွေပါပဲ။

ဟော်ယွီအွာကလည်း ဟော်ဝူကို သူ့မိဘအရင်းတွေဆီပြန်ပို့ဖို့ကို စိတ်ထဲတွန့်ဆုတ်နေပါတယ်။  ဘဝအခြေအနေချင်း အရမ်းကွာခြားတာကြောင့် ဟော်ဝူတစ်ယောက် ဒုက္ခပင်လယ်ဝေသွားမှာကို တွေးမိလို့ပါ။  ဒါပေမယ့်လည်း ဟော်ယွီကျင်းရဲ့ဆန္ဒကိုလည်း မငြင်းပယ်ရဲတာကြောင့် စဉ်းစဉ်းစားစားနဲ့ပဲ အဲ့အကြံအတိုင်းလုပ်ဖို့ ဆုံးဖြတ်ရပါတယ်။

ဇာတ်လမ်းထဲမှာတော့ ဟော်ယွီကျင်းရဲ့ ညို့အားပြင်းပြင်းကို ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။  ဒါပေမယ့် သူ့ကိုစိတ်မဝင်စားတဲ့ တဉီးတည်းသောသူက  ဟော်ယွီစန်ပါပဲ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now