Chapter 34

4.9K 490 4
                                    

Chapter 34

အခန်းအပူချိန်သည်အနည်းငယ်မြင့်သောကြောင့် ဟော်ယွီစန်လည်း ပူလာသည်။သူ၏လက်ကြယ်သီးနှစ်လုံးကိုဖြုတ်ပြီး လက်အနားကိုခေါက်တင်လိုက်သောအခါ နူးညံ့ပြီးလှပသော သူ၏လက်မောင်းကိုပေါ်လွင်စေသည်။ ဟော်ယွီစန်ကစိတ်အေးလက်အေးဖြစ်သွားသော်လည်း

ဟော်ဝူက သေချာပေါက်မိုဆာအနိုင်ရသွားမည်ဟုထင်နေသည်။ မိုဆာ၏လှည့်စားနိုင်စွမ်းသည်အံ့ဩဖွယ်ကောင်းသည်။

ဟော်ဝူသည် သူ့အစ်ကိုအတွက်အနည်းငယ်စိတ်ပူနေမိသည်။ သူမသည်ဒီအခိုက်အတန့်မှာဘာတွေဆက်ဖြစ်မယ်ဆိုတာမသိတော့ပါ။အဘယ်ကြောင့်ဆိုသော် ဘာမှမစဉ်းစားဘဲ ပါးစပ်မှလွှတ်ခနဲထွက်သွားသောကြောင့်ဖြစ်သည်။

“မင်းငါ့အစ်ကိုနဲ့ပြိုင်ချင်ရင် ငါနဲ့အရင်ပြိုင်ရလိမ့်မယ်”

အခန်းထဲက လူများသည် ဟော်ဝူ၏ ကြေငြာချက်ကို ကြားလိုက်ရ‌သောအခါ အံ့သြတဲ့အမူအရာများပေါ်လာကြသည်။

ဟော်ဝူလည်း သူမကြေညာချက်ကို သူမလန့်သွားပါသည်။ သတ္တိရှိရှိပြောလိုက်သော်လည်းယုအခါ ဟော်ဝူသည်ရှက်ရွံ့သွားပြီးဘာဆက်လုပ်ရမလဲမသိတော့ပါ။ စိတ်မြန်လုပ်မြန်နဲ့ဘယ်လိုလုပ်ရမလဲ”

သူမအရင်ဘ၀တုန်းက ဟော်ယွီသည်အလွန်ကံကောင်းသည်။ မဲနှိုက်တိုင်း ဆုအမြဲပေါက်သည်။မ ည်သို့ပင်ကံကောင်း‌နေပါစေ လှည့်ဖျားတတ်သော ကျွမ်းကျင်ကစားသမားကိုအနိုင်ယူဖို့မဖြစ်နိုင်ပါ။

သို့သော်စကားလုံးများသည်သူမပါးစပ်မှ ထွက်လာခဲ့ပြီးပြီဖြစ်သည်။

အရှက်မဲ့စွာစကားများကို ပြန်ရုတ်သိမ်း‌ရကောင်းမလား....

ဟော်ယွီစန်သည် မျက်ခုံးပင့်ကာ ရုတ်တရက် သူမ၏လုပ်ရပ်ကြောင့် အံ့အားသင့်သွားပုံရသည်။

သူသည်ပါးစပ်ဖွင့်ကာစကားပြောဖို့ပြင်‌နေချိန်တွင် မိုဆာကသူ၏လက်မောင်းကို လက်သီးဖြင့်ဖွဖွထိုးလိုက်သည်။ မိုဆာကစိတ်လက်ရရယ်မောပြီးပြောလိုက်သည်။

“ကောင်းပြီလေ ငါဒီမိန်းမလှလေးနဲ့အရင်ကစားမယ်”

မိုဆာသည်ဟော်ဝူက ‌ဟော်ယွီစန်ကို အစ်ကိုဟုသုံးနှုန်းသွားသည်ကိုဂရုမစိုက်ပါ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now