Chapter 12

5.6K 586 0
                                    

ဟော်ဝူ အိပ်ရာကထဖို့ကိုပဲ နှစ်မိနစ်လောက်အချိန်ယူလိုက်ရပါတယ်။ ရေချိးခန်းထဲ ဝင်ပြီး မျက်နှာသစ် သွားတိုက်တာကို ခပ်မြန်မြန်လုပ်လိုက်တယ်။

ဆံပင်တွေိကို အနောက်မှ စုစည်းပြီး ချည်လိုက်ကာ မျက်နှာပေါ်မှာ အစိုဓာတ်ထိန်ပေးတဲ့ အလှကုန်တခုကို ခပ်ပါးပါးလိမ်းလိုက်ပြီး အိမ်အောက်ထပ်ကို မပြေးရုံတမယ် ဆင်းလာခဲ့တယ်။

နံနက်ခင်းနေရောင်က ဆောင်းရိပ်ကိုခိုလှုံနေပါတယ်။ ဆောင်းတွင်းရဲ့ နောက်ဆုံးကာလတွေကို ရောက်နေပြီမလို့ ခုနှစ်နာရီထိုးတာတောင် နေရောင် ကောင်းကောင်းမရချင်သေးပါဘူး။ ဝူ အောက်ထပ်ကို ဆင်းသွားတဲ့အချိန်မှာ ဟော်ယွီအွာနဲ့ ဟော်ယွီစန်တို့နှစ်ယောက်က နိုးနှင့်နေပြီ။ ဘယ်အချိန်ကတည်းက နိုးနေလည်းမသိပေမယ့် နည်းနည်းတော့ ကြာနေပြီဆိုတာ ဝူ သတိထားပါတယ်။

"မဂ်လာနံနက်ခင်းပါ အဖေနဲ့ ကိုကို"လို့ ဝူက သူတို့နှစ်ယောက်လုံးကို အချိုသာဆုံးအပြုံနဲ့နှုတ်ဆက်လိုက်ပါတယ်။ သူသမီးတယောက် ပန်းလေးတပွင့် ပွင့်အာလာသလို ကျက်သရေရှိစွာနဲ့ အရွယ်ရောက်လာတဲ့ပုံကိုကြည့်ပြီး အွာရဲ့ နှလုံးသားတွေ နူးညံ့ပျော့ပြောင်းသွားရတယ်။ သူ့မိန်းမ စောစောစီးစီး ဆုံးပါးသွားတာ အတော် ကံဆိုးပါတယ်။ မဟုတ်ရင် သူ့မိန်းမလည်း သမီးလေးကိုကြည့်ပြီး ဒီလိုမျိုး စိတ်ချမ်းသာရမှာပဲ။

သူ့သမီးက သူတို့နဲ့ တစက်နဲ့မှမတူတာကို အွာ မအံ့ဩမိပါဘူး။ သန္ဓေပြောင်းလဲပြီး မတူညီတဲ့ ဗီဇတခုကို ပေးမိတာလို့ပဲ သူမှတ်ယူထားတယ်။ တချို့ အဖေရော အမေပါရုပ်ရည်မသားနားကြပေမယ့် သူတို့သားသမီးတွေက မှုန်နေအောင်ချောကြတာမျိုးတွေ ရှိတယ်မလား။ သူတို့ရဲ့ မိဘတွေစီက အကောင်းတကာ့ အကောင်းဆုံး ဗီဇတွေကိုပဲ လက်ခံလိုက်ရတဲ့အတွက်ကြောင့် သူတို့မိဘတွေနဲ့မတူဘဲ ချောမောခန့်ငြားနေတတ်တာမျိုး။

ဒီလိုမျိုး ကိစ္စတွေက သူ့အတွက်တော့ မထူးဆန်းပါဘူး။ သူ့သမီးကလည်း သူတို့နှစ်ယောက်စီက ကောင်းမွန်တဲ့ မျိုးစေ့တွေကိုပဲ ဆက်ခံမိတာကြောင့် ကျက်သရေရှိတဲ့ အသွင်အပြင်ကို ဆောင်နေတာပေါ့။ သူ့သမီးက သူနဲ့ တစက်မှမတူလဲ ကိုယ့်သားသမီးပဲလေ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now