Chapter 206-210

3.3K 347 3
                                    

အခန်း ၂၀၆

ဒီနေ့အဖြစ်အပျက် အများကြီးဖြစ်ခဲ့တော့ ဂူအိမ်ရာကို ပြန်မရောက်ခင်အထိ ဟော်ဝူရိုက်ခဲ့တဲ့ပုံတွေကိုတင်ဖို့စိတ်မရှိခဲ့ဘူး။

သူမပုံတွေဘာတွေ သိပ်မတင်ဘူး။ အဲ့ဒါကြောင့် ဒီတစ်ခေါက် weiboမှာပုံတင်ခဲ့သည်။ တင်ပြီး တစ်ခဏအတွင်း သူမပရိတ်သတ်တွေဆီက စာတွေရောက်လာခဲ့၏။

ဟော်ဝူ အိပ်ရာပေါ် လှဲပြီး ကွန်းမန့်တွေကို တစ်ခုချင်း ဖတ်နေခဲ့သည်။

သူမ ပုံမှန် အပေါ်ယံ ဖတ်သွားခဲ့သည်။ ကွန်းမန့်အများစုကတော့ အတူတူပဲ။ အကုန်လုံးက သူမရဲ့ လှပတဲ့မျက်နှာကို ချီးကျူးနေတာ။ ဒါပေမယ့် ကွန်းမန့်တစ်ချို့ကို ဖတ်ပြီးတဲ့အခါ သူမအိပ်ရာပေါ်ကနေ ထထိုင်လိုက်သည်။

အင်တာနက်သုံးတဲ့သူတွေ ထူးခြားချက်ကို ရှာတွေ့လောက်အောင် အမြင်စူးရှမယ်လို့ သူမ မတွေးခဲ့ဘူး။

(Three bridges : ဝါး၊ ငါတစ်ခု ရှာတွေ့ထားတယ်။၉ပုံထဲက၅ပုံမြောက်ကပုံမှာ အဓိကအချက်ရှိနေတယ်။ ချဲ့ကြည့်ပြီး ကိုယ့်ဘာကိုရှာပါ)

သူ့ရဲ့ကွန်းမန့်အောက်မှာ တကယ်ပွဲဖြစ်နေခဲ့သည်။ 

(star in the sky : အဓိကအချက်ဆိုတာ နတ်ဘုရားမလေးရဲ့အနောက်ကရင်ဘတ်ကို ပြောတာဆိုရင်တော့ ငါလည်းရှာတွေ့ပြီ။

(little cute : ငါလည်းတွေ့တယ်။ ဓာတ်ပုံရိုက်တဲ့အချိန်တုန်းက သူ့အနောက်မှာ ယောကျာ်းတစ်ယောက်ရှိနေတယ်။ ဓာတ်ပုံအရတော့ သူတို့ချင်းရင်းနှီးတယ့်ပုံပဲ။ မဟုတ်ရင် နတ်ဘုရားမလေးက အဲ့လူအနားကပ်လာတာကို လက်ခံမှာမဟုတ်ဘူး)

(vast ocean : အဲ့လိုဆို နတ်ဘုရားမလေးက ရည်းစားရနေပြီလား)

(Do you eat popsicles : အသည်းကွဲပါပြီ။ ဒါမဖြစ်သင့်ဘူး။ နတ်ဘုရားမလေးကို အကုန်လုံးက ပိုင်တယ်)

ဟော်ဝူ ဓာတ်ပုံ၉ပုံထဲက ၅ပုံမြောက်ကို နှိပ်လိုက်သည်။ သူမ ဓာတ်ပုံစရိုက်မလို့လုပ်တုန်း ဟော်ယွီစန် သူမနားကပ်လာခဲ့သည်။ သူမလက်ကို ရုတ်လိုက်ဖို့နောက်ကျသွားပြီး ရိုက်မိသွားသည်။ အဲ့တာကြောင့် ပုံထဲမှာ ဟော်ယွီစန်ပါနေတာ။

အဲ့တုန်းက ပုံလေးက ကောင်းတယ်လို့ထင်သည်။ ပုံထဲမှာ ဟော်ယွီစန်ပါနေပေမယ့် သူတို့အနီးကပ်မကြည့်ရင် မမြင်ရပါဘူး။ အဲ့တာ‌ကြောင့် ပုံကိုမဖျက်ခဲ့ဘူး။ ဒီပုံ‌ကြောင့် ဂယက်အသေးလေး ထသွားမယ်လို့ မထင်ထားဘူး။

Weiboကနေ မထွက်ခင် ဟော်ဝူအတန်ကြာ ကွန်းမန့်တွေကို ဖတ်ကြည့််နေသည်။

ဒီလိုအခြေအနေအတွက် သူမဘာမှ ထုတ်ပြန်စရာ မလိုပါဘူး။ ဒီပုံအကြောင်းကလည်း မကြာခင်  ပျောက်သွားမှာပဲ။ ဒီနေ့ဟော်ယွီစန် ၂ခါဖွင့်ပြောခဲ့တာကို တွေးမိရင် ဒီပုံကိုမဖျက်လိုက်မိတာ မှန်တယ်လို့ တွေးသည်။

တစ်ဖက်မှာတော့ မိုဆာက weiboမှာ ဟော်ဝူ ပုံတင်ထားတာမြင်ပြီး ကွန်းမန့်ရေးဖို့ စိတ်လှုပ်ရှားနေခဲ့သည်။ ဒါပေမယ့် ဂယက်ထနေတဲ့ ကွန်းမန့်တွေကို တွေ့ပြီး ဝမ်းနည်းသွားသည်။

အစကတော့ ဟော်ဝူကို ချီးကျူးထားတဲ့ကွန်းမန့်တွေကို ဖတ်ချင်လို့ နှိပ်လိုက်တာ။ သူ့လိုပဲ အမြင်ရှိတဲ့သူဘယ်လောက် လောက်များရှိနေမလဲ၊ ဟော်ဝူရဲ့အလှဟာ အနှိုင်းမဲ့တာကို ယုံကြည်နေတဲ့သူ ဘယ်လောက်ရှိမလဲဆိုပြီး သိချင်နေခဲ့တာ။ မျှော်လု့်ထားတာနဲ့တခြား Three Bridgesဆိုတဲ့သူဆီကနေ ကွန်းမန့်ကို တွေ့ခဲ့သည်။

ဟော်ဝူတင်ခဲ့တဲ့ ပုံ၉ပုံလုံးကိုသူတွေ့ပြီး ပုံလည်းသိမ်းပြီးပြီ။ အင်တာနက်ကသူတွေလောက် အမြင်မစူးရှတော့ ငါးပုံမြောက်ပုံရဲ့ထူးခြားချက်ကို သူ မမြင်ခဲ့ဘူး။ ဟော်ဝူရဲ့ဘယ်ထောင့်ကရိုက်ရိုက် လှနေတဲ့ ဟော်ဝူရဲ့selfieလေးတွေကိုပဲ တွေးနေတာ။ အထူးသဖြင့် နဂိုထက်ပိုပြီး ဆွဲဆောင်မှုရှိနေတဲ့ ရေကူးဝတ်စုံဝတ်ထားတဲ့ သူမရဲ့ပုံစံ။

အဲ့ကွန်းမန့်ကိုတွေ့တော့ မိုဆာ ပုံကို နောက်တစ်ခေါက် နှိပ်ကြည့်လိုက်သည်။

ပုံကြီးချဲ့ကြည့်ပြီး သူမနောက်က ယောကျာ်းတစ်ယောက်ရဲ့ ရင်အုပ်ကိုတွေ့လိုက်ရသည်။

လူတွေ ကွန်းမန့်ရေးထားသလိုပဲ သူတို့ရင်းနှီးပုံပဲ။

အချစ်ဆရာကြီးတစ်ယောက်အနေနဲ့ မိုဆာလည်း နဂိုဒီလိုပုံမျိုး ရိုက်ဖူးသည်။ အဲ့တုန်းက သူက ရေကန်ထဲမှာ မိန်းမတစ်ယောက်ရဲ့နောက်မှာ။ အဲ့မိန်းမကို ဖုန်းကိုကိုက်ပြီး selfieရိုက်သည်။ ပြီးတော့ weiboပေါ်ကို သူ့သူငယ်ချင်းတွေမြင်အောင် ပုံတင်သည်။ 

ဒီဟာက ချစ်ခင်မှုကို ဖော်ပြတာပဲ။

အဲ့တာကိုတွေးမိတော့ မိုဆာဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့လက်ဖမိုးကသွေးကြောတွေတောင် ပေါက်ထွက်မတတ်ပဲ။

သူမနောက်က ယောကျာ်းက ဘယ်သူလဲ။

weiboမှာ အသိပေးချင်လို့ တင်ခဲ့တာလား။

အဲ့လိုဖြစ်နိုင်တာကို တွေးမိပြီး သူပေါက်ကွဲထွက်တော့မလိုပဲ။ သူ့စိတ်ထဲမှာ ထင့်နေသည်။ သူမရဲ့အဲ့ဒီပုံကို စိတ်ပူနေပြီး ပိုပြီးစိတ်ပူတာက အဲ့လူရှိနေတာကိုပဲ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now