Chapter 63

4.4K 460 4
                                    

Chapter 63

ဟော်ဝူနိုးလာသောအခါ နေ့လည်စာစားချိန်ရောက်နေပြီဖြစ်သည်။

ဟော်ဝူ အောက်ထပ်သို့ဆင်းလာသောအခါတွင် အန်တီကျန်းသည် နေ့လည်စာ မပြင်ဆင်ရသေးကြောင်း သူမသိလိုက်ရသည်။

သူမသည် စိတ်ရှုပ်သွားကာ “အန်တီ ကျန်း။ ဒီနေ့ နေ့လည်စာ ဘာစားရမှာလဲ “

အန်တီကျန်းပြန်မဖြေခင်မှာဟော်ယွီစန်က
“ငါတို့ ဒီနေ့ နေ့လည်စာကိုအပြင်မှာသွားစားကြမယ်”

ဟော်ဝူသည် ဟော်ယွီစန်၏အသံကိုကြားသောအခါ သူမ၏လက်ကို နောက်သို့ပစ်ထားပြီး ဟော်ယွီစန်အား ချိုသာစွာပြုံးပြကာ “အစ်ကို၊ ညီမလေးကိုအရာသာရှိတာတစ်ခုခုလိုက်ကျွေးမလို့လား”

ဟော်ယွီစန်သည် နူးညံ့စွာ “အင်း” ဟု တုံ့ပြန်မှုအဖြစ်ပေးခဲ့သည်။

“အစ်ကိုက အရမ်းသဘောကောင်းတာပဲ”

ဟော်ဝူနှင့် ဟော်ယွီစန်သည် နေ့လယ်စာစားရန် သွား‌တော့မည်။ အဒေါ်ကျန်းသည် သူတို့အတွက်နေ့လည်စာပြင်ဆင်ရန် မလိုအပ်‌တော့သဖြင့်အိမ်‌ပြန်ရန်ပြင်ဆင်ခဲ့သည်။ သို့သော်သူမ မပြန်ခင်တွင် သူမသည်သူတို့အတွက် ညစာပြင်ဆင်ဖို့ ညအမှီပြန်လာပါ့မယ်ဟု ဟော်ယွီစန်အားတောင်းဆိုလိုက်သည်။ ထိုအခါ ဟော်ယွီစန်သည် အဒေါ်ကျန်းဒီညပြန်လာဖို့မလိုဘူးဟုပြောခဲ့ပါသည်။

အန်တီကျန်းသည်ရွှင်မြူးစွာဖြင့် အိမ်‌တော်မှ ထွက်လာခဲ့သည်။

ခရစ္စမတ်ကာလတွင် အလုပ်ရှင်၏မိသားစုအတွက် ချက်ပြုတ်ရန် မလိုအပ်သည့်အတွက် သူမသည် ခရစ္စမတ်ကို သူမမိသားစုနှင့်အတူ ကုန်ဆုံးနိုင်တော့မည်ဖြစ်သောကြောင့်သူမအရမ်း ပျော်ရွှင်ခဲ့သည်။

ဟော်ဝူသည် သူတို့၏စကားဝိုင်းကို ကြားနေရသည်။ သူမအစ်ကိုက အန်တီကျန်းအား ခွင့်ပေးလိုက်သည်ကိုကြားတော့ သူမ အံ့သြစွာ မျက်တောင်ခတ်လိုက်မိသည်။

“ညစာ။ အစ်ကို၊ ညီမလေးတို့ကညစာ‌‌ရောစားကြမှာလား?

“ဟုတ်တယ်”

ဟော်ဝူသည် ဟော်ယွီစန်၏အဖြေကြောင့် အံ့အားသင့်သွားသည်။အစ်ကိုဖြစ်သူနှင့်တစ်နေကုန်  အတူတူဖြတ်းသန်းရမှာလား။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now