Chapter 41

4.5K 464 5
                                    

Chapter 41

ဟော်ဝူလည်း ဟော်ယွီစန်၏အခန်းရှေ့သို့ရောက်သော်အခါ တံခါးသုံးချက်ခေါက်လိုက်သည်။
“ဒေါက် ဒေါက် ဒေါက် “
တိတ်ဆိတ်နေသောညတွင် တံခါးခေါက်သံသည် ကျယ်လောက်စွာထွက်ပေါ်လာသည်။

သူမတံခါးခေါက်ချိန်သည် ည၁၁ထိုးနေသည်ကိုသတိပြုမိခဲ့သည်။ ပုံမှန်အားဖြင့်လူတိုင်းသည် ဒီအချိန်တွင်အိပ်မောကျနေတတ်သည်။ သူမကိုယ်သူမရိုင်းသည်ဟုခံစားမိသောကြောင့် သူမလက်ကိုပြန်ရုတ်ထားလိုက်သည်။ သူမနောက်ကျနေပြီဖြစ်သော််လည်း အစ်ကိုဖြစ်သူ၏အနားယူချိန်ကိုမရခဲ့သည်။ သူမ၏ခြေလှမ်းသည်တံခါးရှေ့မှ လှည့်ထွက်ထွက်ချင်းအခန်းတံခါးကပွင့်လာခဲ့သည်။

အခန်းထဲ တောက်ပသောအလင်းတန်းများရှေ့တွင် အရိပ်တခုပေါ်လာခဲ့သည်။

ဟော်ယွီစန်သည် နှစ်လိုဖွယ်အသံဖြင့်
“ဘာကိစ္စရှိလို့တုန်း”ဟု သူမကြားရုံမျှတိုးတိုးလေးပြောခဲ့သည်။

ဟော်ဝူသည်ရှေ့ဆက်တိုးလို့လည်းမရ ပြန်လှည့်လို့လည်းမရဖြစ်နေခဲ့သည်။ သူမ၏မေးခွန်းစာရွက်များကိုကိုင်ထားပြီး  မတ်တပ်ရပ်ကာကြက်သေသေရုံပဲတတ်နိုင်ခဲ့သည်။

ဟော်ဝူလက်ထဲကကိုင်ထားတဲ့သင်္ချာမေးခွန်းများကိုမြင်သည်နှင့် ဟော်ယွီစန်သည်သူမဘာကြောင့်လာသည်ကို ချက်ချင်းနားလည်သွားပါသည်။ သူသည်လမ်းဖယ်ပေးလိုက်ပြီး “၀င်ခဲ့လေ”ဟုပြောလိုက်သည်။သူဖိတ်ခေါ်လိုက်သည်နှင့် သူမကခေါင်းညိတ်ကာ အထဲသို့၀င်သွားခဲ့သည်။

သူမအခန်းထဲကိုရောက်သော် ဟော်ယွီစန်၏ကွန်ပျူတာဖွင့်ထားသည်ကို သူမမြင်လိုက်သည်။ ခုထိသူမအိပ်သေးဘူးပေါ့။

အခန်းအပူချိန်လေးသည် နွေဦးရောက်သွားသကဲ့သို့ခံစားလိုက်ရသည်။

ဟော်ယွီစန်သည် စားပွဲပေါ်တွင်ရှိနေသော ရေခွက်ကိုယူပြီးသောက်လိုက်သည်။ ထို့နောက်
“ဘယ်အပိုင်းကို မင်းနားမလည်တာလဲ”ဟုမေးလိုက်သည်။

သူ၏မေးခွန်းကိုကြားပြီးနောက် သူမသည်ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့သည်။သူမ၏အရင်ဘ၀မှာ ဖြေဖျော်ရေးပွဲတွင်နေရာအမျိုးမျိုးကသရုပ်ဆောင်ခဲ့တာတောင်ခုလိုစိတ်မရှုပ်ခဲ့ဖူးပါ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now