Chapter 31

4.9K 495 5
                                    

Chapter 31

ကျင်းဇီနင်၏စကားကိုကြားသော်အခါ ဟော်ယွီစန်၏မျက်နှာထားမှာ ရေခဲကဲ့သို့အေးစက်သွားခဲ့သည်။ သီးသန့်ခန်းဟာနွေဦးအလယ်ရောက်နေသကဲ့သို့နွေးထွေးနေသော်လည်း ရုတ်တရက်နှင်းဝေသောဆောင်းတွင်းရောက်သွားသကဲ့သို့ ပတ်ဝန်းကျင်လေထုမှာအေးစက်လာတော့သည်။ပွဲကြည့်သူမျာလည်းရုတ်တရက်တုန်လှုပ်သွားပါသည်။ကျင်းဇီနင်သည်လည်းအနည်းငယ်ဖျော့တော့သွားပါသည်။ ယန်ဇယ်ကောသည် ကျင်းဇီနင်ကိုသူ၏နောက်သို့ဆွဲခေါ်လိုက်သည်။သူသည် ဟော်ယွီစန်၏တဖက်ခုံမှာ ခြေချင်းလှိမ်ကာ ပျင်းရိစွာကျောမှီပြီးထိုင်နေသည်။

‘’ကျွန်တော့်ညီက စကားတစ်ခွန်းမပြောခင် သေချာစဉ်းစားပြီးမှပြောရတယ်ဆိုတာကိုကောင်းကောင်းနားမလည်လို့ပါ။ ဥက္ကဌဟော်က သူ့စကားတွေကိုဗွေမယူဘူးလို့မျှော်လင့်ပါတယ်’’

ယန်ဇယ်ကောစကားပြောပြီးသောအခါ  ကျင်းဇီနင်၏မျက်လုံးများသည် သူမဆီသို့တဖန်ပြန်ရောက်သွားပြန်ပါသည်။ရင့်ကျက်သောယောကျ်ားကဲ့သို့ဟန်ဆောင်ပြုမူကာ သူမကိုညင်သာစွာပြုံးပြလိုက်ပြီး

‘’မိန်းကလေး ကိုယ့်ကိုမကြောက်ပါနဲ့။ကိုယ်ကမင်းနဲ့သူငယ်ချင်းဖြစ်ချင်ရုံပါ’’

ဟော်ယွီစန်သည်သူ၏မျက်လုံးများကိုမှိတ်ပြီး ဘာမှမကျန်တော့တဲ့ ဝိုင်ခွက်အလွတ်ကို ကော်ဖီစားပွဲပေါ်သို့ပစ်လိုက်သည်။ဝိုင်ခွက်သည်ကြမ်းပြင်သို့မကျခင် စားပွဲပေါ်မှာ လိမ့်နေသေးသည်။ထို့နောက် ဝိုင်ခွက်သည်ကြမ်းပြင်သို့ကျသွားကာ အပိုင်းအစများစွာကွဲသွားသည်။ထိုဝိုင်ခွက်သည်တရုတ်ငွေယွမ်ထောင်ကျော်တန်သော်လည်းတခဏအတွင်း အသုံးမဝင်တော့သည့်အရာအဖြစ်သို့ရောက်ရှိသွားတော့သည်။

ဟော်ယွီစန်၏နှုတ်ခမ်းထောင့်များသည်အပေါ်သို့ကွေးတက်သွားသည်။ သူ၏အပြုံးမှာလှပပြီးဖမ်းစားနိုင်သော်လည်းသူးမျက်လုံးတွင်မူ နွေးထွေးမှုမရှိခဲ့ပေ။

‘’ မိုဆာ မင်းတဏှာမရူးခင်မှာ အရင်ဆုံးမင်းဘယ်ကိုရောက်နေလဲဆိုတာ စစ်ဆေးသင့်တယ်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now