Chapter 65

4K 430 1
                                    

Chapter 65

ကျန်းချင်းချင်းထွက်ခွာသွားသည်ကို သူမကြားလိုက်ပြီးနောက် သန့်စင်ခန်းသည် လုံးဝတိတ်ဆိတ်သွားသည်။ အခြားဘာအသံမှမကြားရတော့ပါ။

ဒေါက်မြင့်ဖိနပ်နှင့်မြေပြင် တိုက်မိသံများကတဖြေးဖြေးသူမ၏နေရာနှင့် ဝေးသွားဟန်ပေါ်ပါသည်။ သန့်စင်ခန်းထဲတွင် ခြေသံတိုးတိုး‌လေးက တဖြည်းဖြည်း ပျောက်ကွယ်လာကာနောက်ဆုံးတွင် လုံးဝတိတ်သွားပါသည်။

ဟော်ဝူသည် ကျန်းယွီချင်းလည်း ထွက်သွားသည်ဟု ထင်ကာ သူမတံခါးလော့ကိုဖွင့်ကာယုံကြည်ချက်အပြည့်ဖြင့်တံခါးကိုဖွင့်လိုက်သည်။ ကြမ်းပြင်ပေါ်တွင်ထိုင်ကာ‌ အောက်ကျသွားသောပစ္စည်းတွေကိုကောက်နေသော ကျန်းယွီချင်းကိုမြင်လိုက်ရသည်။

ကျန်းယွီချင်းသည် တံခါးလော့ခ်ဖွင့်သံကိုကြားပြီး  ဦးတည်ရာသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။

အမျိုးသမီးငယ်နှစ်ဦး၏ မျက်လုံးများ ဆုံတွေ့ခဲ့သည်။

ဤကမ္ဘာတွင် ဟော်၀ူသည်ကျန်းယွီချင်းကို ပထမဆုံးတွေ့ရခြင်းဖြစ်သည်။ ကျန်းယွီချင်းသည် ဝတ္ထုဇာတ်ကောင်မဟုတ်တော့ဘဲ တကယ့်အသက်ရှုနေသူတစ်ဦးဖြစ်သည်။

ကျန်းယွီချင်း၏ယခုသူမပေါ်လာပုံသည် ဝတ္ထုထဲတွင်ဖော်ပြပုံနှင့် အလွန်ကွာခြားသည်။ သူမသည် မသပ်မရပ်၀တ်ဆင်ထားပြီး ဘာမိတ်ကပ်မှလည်းမလိမ်းထားပါ။

ဟော်ဝူသည် သူမ၏ယခင်ဘဝက 18 လိုင်းသရုပ်ဆောင်တစ်ဦးမျှသာဖြစ်သော်လည်း ဖျော်ဖြေရေးနယ်ပယ်တွင် နှစ်အတော်ကြာကျင်လည်ခဲ့သည်။ ထို့ကြောင့် သူမသည် စူးရှထက်မြက်သော မျက်လုံးတစ်စုံကို တီထွင်နိုင်ခဲ့သည်။ ကျန်းယွီချင်း၏မျက်နှာကိုကြည့်ရုံဖြင့် ကျန်းယွီချင်းသည် တစ်ခါမျှ ပလပ်စတစ်ဆာဂျရီမလုပ်ဖူးကြောင်း သူမသိနိုင်ပါသည်။

ကျန်းယွီချင်းသည် အလွန်လှပသောအသွင်အပြင်မရှိသော်လည်း သူမသည် ဒုတိယနှင့်ထိုက်တန်သော လှပသောမျက်နှာကို ပိုင်ဆိုင်ထားကာ သူမ၏အလှသည် မြို့ထဲတွင်အုံ့အော်သောင်းနင်းဖြစ်နိုင်ပြီး ၊ သူမ၏ အသွင်အပြင်သည် မျက်စိထဲ၌ ကျေနပ်ခြင်းကိုဖြစ်စေခဲ့သည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now