Chapter 201-205

3.7K 370 4
                                    

အခန်း ၂၀၁

ဂူဝေမှာ စိတ်ကျရောဂါရှိနေတယ်လို့ အစကဟော်ဝူကတွေးနေတာ။ ဒါပေမယ့် ဒီလောက်ဆိုးမယ်လို့ မထင်ခဲ့ဘူး။ ”သူ..ဘာလို့ ဒီလိုဖြစ်သွားတာလဲ”

ဂူယန်းက မဖြေခင် အကြာကြီးတိတ်ဆိတ်နေခဲ့သည်။ “အဒေါ်က မင်းကိုမွေးပြီးတော့ သူမ စိတ်ဖောက်သွားတယ်။ သူမ ခုအခြေအနေ ကောင်းနေတာ။တစ်ခါတလေကျရင်တော့ ဆိုးတယ်။ ဒါပေမယ့် တော်တော်များများ သူ လူတွေကိုမမှတ်မိဘူး။ လွန်ခဲ့တဲ့ရက်တွေတုန်းက သူနာပြုတစ်ချို့ သူ့နားနေပြီး လွန်ခဲ့တဲ့၁၈နှစ်က ပုဂ္ဂလိကဆေးရုံမှာ လူမှားခေါ်သွားတဲ့အကြောင်း ပြောခဲ့သေးတယ်။ အဲ့အချိန် သူဝမ်းနည်းသွားပြီး မင်းကသူ့ကလေးဖြစ်ကြောင်းပဲပြောနေတာ။ သူတစ်နေ့လုံး အဲ့တာပဲရေရွတ်နေတာ။မင်းကို ဆေးရုံမှာ ပစ်ခဲ့တယ်ဆိုပြီး ပြီးတော့ အိမ်သာဆေးတဲ့ သန့်ရှင်းရေးသမားက ကောက်သွားတယ်ဆိုတာပဲ ပြောနေတာ။ သူ့ကိုစောင့်ရှောက်တဲ့သူက အဖိုးကို ဒီအကြောင်းပြောလိုက်တော့ ကိစ္စကြီးသွားတယ်”

ဂူချီက ထပ်ပြောသည်။ “အဖိုးက ဒီအကြောင်းသိသွားတော့ သူအဲ့ဒီနှစ်က ဖြစ်ခဲ့တာတွေကို လိုက်စုံစမ်းတယ်။ အဲ့အခါမှာမင်းက အန်တီ့ကလေးဖြစ်ကြောင်း ရှာတွေ့တယ်။ အန်တီ့ဆရာဝန်က ပြောတယ်။ မင်းရှိရင် သူမအခြေအနေ ပိုကောင်းမယ်ဆိုပြီး။ သူနဲ့စကားပြောပေးရင် သူနဂိုလို ပုံမှန်ပြန်ဖြစ်မလားတော့ မသိဘူး။ အရှုံးတော့ မရှိပါဘူး”

ဂူချီပြောတော့ ဂူယန်းကကြားဖြတ်ပြီး ဝင်ဟန့်သည်။ “ဂူချီ”

သူဟော်ဝူကို နှစ်သိမ့်ဖို့ ဟော်ဝူဘက်ကိုလှည့်ပြီး “ညီမလေး။ အဖိုးက သူ့သွေးတွေစီးဆင်းနေတဲ့ သူ့မြေးရင်းမလို့ ပြန်ခေါ်တာ။ အဒေါ့်ရဲ့အခြေအနေနဲ့ မဆိုင်ဘူး။ ဂူချီပြောတာတွေ စိတ်ထဲမထားနဲ့”

ဟော်ဝူ နှုတ်ခမ်းဆူလိုက်ပြီး ပြုံးပြပြီး ပြောသည်။ “ရပါတယ်။ ညီမလေးရှိနေတာက သူ့အတွက်အထောက်အကူပြုရင် ကူညီချင်ပါတယ်”

ဂူယန်းက ကြိုးစားပြုံးလိုက်ပြီး “အန်တီ့အခြေအနေက ဒီနှစ်ပိုင်း ပြန်ကောင်းနေပါပြီ။ သူမကိုကုရတာက လုပ်ရတာထက် ပြောတာပိုလွယ်တယ်။ အဲ့လူပေးခဲ့တဲ့ ဒဏ်ရာကကြီးတယ်လေ”

အဲ့လူ...

အဲ့လူဆိုတာ သူမရဲ့အဖေရင်းကို ပြောတာမှန်း ဟော်ဝူ သိလိုက်သည်။

ဂူယန်းက အဲ့အချိန်နဲ့ အဲ့လူအကြောင်းကို ဘာမှမပြောဘူး။ သူရဲ့တောက်ပတဲ့ အပြုံးတွေနဲ့ ပြုံးပြလိုက်သည်။

“ညီမလေး နောက်ပိုင်း ရည်းစားရရင် ငါတို့ ကြည့်ပေးမယ်”

ဂူချီလည်း နောက်ကလိုက်ပြောသည်။ “ငါရောပဲ။ မင်းရဲ့ရည်းစားက ကောင်းကောင်းမဆက်ဆံရင် ငါတို့အသေသတ်မှာ”

ရည်းစားဆိုတဲ့စကားကိုကြားတော့ သူမ သူ့တစ်ဝမ်းကွဲအကိုတွေကို သူ့အတွက်စဉ်းစားပေးလို့ ကျေးဇူးတင်ကြောင်း မပြောနိုင်ခင် ဟော်ဝူအတွေးတွေထဲမျောသွားသည်။

သူမ ဂူဝေအကြောင်း စိတ်ပြန်ရောက်လာသည်။

ဂူဝေကိုကြည့်ရတာ သိပ်မကောင်းဘူး။ သူမဖျော့တော့နေသည်။ ဆံပင်တွေလည်း ဝါကြောင်နေသည်။ သူမက ဒီနှစ်မှ၃၅နှစ်။ ဒါပေမယ့် ၄၀လောက်လို့ ထင်ရသည်။

ဟော်ဝူက တွန့်ဆုတ်စွာနဲ့ “ဟို ဟိုလေ နှစ်ယောက်ထဲစကားပြောလို့ ရမလားဟင်”

ဂူယန်းက ခေါင်းငြိမ့်ပြီး ”ရတာပေါ့”

ဂူယန်းနဲ့ ဂူချီအခန်းထဲက ထွက်သွားတော့ ဟော်ဝူ ဂူဝေအရှေ့မှာ ထိုင်ချလိုက်သည်။ သူမကိုစိုက်ကြည့်ပြီး ဖြည်းဖြည်းလေးပြောသည်။ ”သမီး ဟော်ဝူပါ။“ ဂူဝေက ဘာမှသိပ်မတုန့်ပြန်ဘူး။ ဟော်ဝူ ခဏတွေးလိုက်ပြီး ဆက်ပြောလိုက်သည်။ ”လွန်ခဲ့တဲ့၁၈နှစ်က ဆေးရုံမှာပစ်ထားခဲ့တဲ့ ကလေးလေ”

ဟော်ဝူရဲ့ရည်ရွယ်ချက်က သူမအရှေ့မှာရှိနေတဲ့ သနားစရာမိန်းမကို သူမဟာသမီးဖြစ်ကြောင်းပြောပြီး ပိုပြီးနီးစပ်ချင်တာ။ ဒါပေမယ့် သူမစာကြောင်းမှာ ဘယ်စကားလုံးက ထိသွားလဲမသိဘူး။ ဂူဝေ ရုတ်တရက်ထဖောက်လာသည်။ ”လွန်ခဲ့တဲ့၁၈နှစ် ငါ့ကလေး ငါ့ကလေး ဟားဟားဟား သူကမင်းကိုမလိုချင်ဘူး။ သူမင်းကိုမလိုချင်ဘူး ဟား”

ဂူဝေထရပ်လိုက်ပြီး စားပွဲဘေးကဖန်ခွက်ကို ယူပြီးပေါက်ခွဲလိုက်သည်။ ဖန်ကွဲစတွေ လွင့်စင်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူမတစ်ခုခုကို ဆွဲယူလိုက်၏။

ဂူဝေထဖောက်လာတော့ ဟော်ဝူလန့်သွားသည်။ ဖန်ခွက်ကို ပေါက်ခွဲလိုက်ချင်းပဲ ဆရာဝန်တွေ ပြေးဝင်လာသည်။ အဲ့ထဲကတစ်ယောက်က ဂူဝေကို စိတ်ငြိမ်ဆေးထိုးပေးလိုက်၏။ ခဏကြာတော့ ဆေးအစွမ်းပြသည်။

ဟော်ဝူက ပြေးဝင်လာတဲ့ ဂူယန်းနဲ့ဂူချီကို အကူအညီမဲ့စွာကြည့်ပြီး “တောင်းပန်ပါတယ်။ ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ဘူး”

ဂူယန်း ခေါင်းခါလိုက်ပြီး ဟော်ဝူကို ထိခိုက်သွားမသွား ကြည့်ပြီး ”ရပါတယ်။ မထိသွားဘူးမလား”

“ဟင့်အင်း”

ဟော်ဝူ လန့်သွားတာကို ဂူချီက နှစ်သိမ့်ပေးပြီး ”ကိုယ့်ဘာကိုယ် အပြစ်မဖို့နဲ့။ ငါတို့ မတွေးမိတာပါ။ ငါတို့မင်းကို အဒေါ်နဲ့ထားခဲ့ပြီး မင်းကိုထိခိုက်တော့မလို ဖြစ်စေခဲ့တယ်”

ဂူမိသားစုက ဂူဝေအပေါ် သူမရဲ့လွှမ်းမိုးမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်ချင်နေတာ။ မဟုတ်ရင် ဂူဝေနဲ့နှစ်ယောက်ထဲ ဘယ်ကျန်ခိုင်းမလဲ။ ခုမှ ပထမဆုံး ရောက်တာကို။

ခုတော့ သူမကိုတွေ့တာ ဂူဝေအပေါ် တစ်ခုခုတော့ လွှမ်းမိုးမှုရှိပုံပဲ။ ဒါပေမယ့် ကောင်းမွန်တဲ့ လွှမ်းမိုးမှုဖြစ်ဖို့ အချိန်နဲ့ လမ်းညွှန်မှုလိုသည်။ ဒီလိုအဖြစ်အပျက်မဖြစ်ခဲ့ရင် မကြာခင် ဂူဝေရဲ့ဆရာဝန်နဲ့ပြရတော့မှာ။

ဟော်ဝူ စိတ်မပျက်ပါဘူး။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now