Chapter 104
အဲ့အချိန် ဟော်ယွီအွာက“ဟော့ပေါ့စားပြီးရင် ဟော်အိမ်တော်ကို သွားရအောင်။မင်းတို့ဖိုးဖိုးက အသက်ကြီးနေပြီ။သူ့နားမှာ ပိုပြီး အဖော်ပြုပေးရမယ်။”“အိုကေ”
ခဏကြာတော့ ခုနဖြစ်ခဲ့တာတွေကို မတွေးတော့ဘဲ ဟော်ဝူက“ဟုတ်ဖေဖေ”
ဟော်အိမ်တော်က ဒီကနေ မြောက်ဘက်ခြမ်းကို တစ်နာရီလောက်သွားရတယ်။အဲ့တော့ သူတို့ဟိုကိုရောက်တော့ နေ့လည်စာစားပြီးပြီးချင်းထွက်လာတာတောင် ညနေ၂နာရီဖြစ်နေပြီ။
ဟော်ဝူနဲ့ တခြားသူတွေရောက်တဲ့အခါ အမျိုးတွေလည်း ရောက်နှင့်နေပြီ။အိမ်တော်ကနွေးထွေးပြီး လူတိုင်းကပျော်ရွှင်နေကြတယ်။
ဟော်အဖိုးက လူအုပ်ကြီးအလယ်မှာထိုင်နေတယ်။လကိုကြယ်တွေက ဝိုင်းနေသလိုမျိုးပေါ့။
အဖိုးက သက်တမ်းတစ်ဝက်လောက် စစ်ပွဲတွေမှာ ကုန်ဆုံးခဲ့တော့ အသက်ကြီးလည်း ဒေါသကမပြေဘူး။စစ်သားအဖြစ်နဲ့မွေးဖွားလာပြီး စစ်ပွဲတွေအများကြီးတိုက်ခဲ့တယ်။ငယ်ငယ်လေးထဲက သေဖို့ကံကနေအကြိမ်ကြိမ်လွတ်မြောက်ခဲ့တယ်။ဂန်းစတားလိုခံစားချက်မျိုးရတယ်။စစ်ပွဲတွေမှာ အောင်မြင်ပြီး ဆုတွေရလာပြီးတဲ့နောက် စစ်တပ်ထဲကသူ့ရဲ့ရာထူးက တဖြည်းဖြည်းမြင့်လာခဲ့တယ်။
ရာထူးမြင့်မြင့်မှာ အကြာကြီးနေလာတော့ ဟော်အဖိုးကရုပ်တည်တယ်။
ဟော်ဝူ သူ့ကို စကားသိပ်မပြောရဲဘူး။အဲ့ဒါကြောင့် ဟော်ဝူက ဟော်ယွီစန်ဘေးမှာပဲနေပြီး သူတို့ပြောတာကိုပဲ နားထောင်နေခဲ့တယ်။
ဟော်အဖိုးက ဟော်ယွီစန်လာတာတွေ့တော့ သူစပြောတယ်။“အစန်း၊ဒီနှစ်ကူးပြီးရင် ၂၆ပြည့်ပြီဟုတ်”
“ဟုတ် ဖိုးဖိုး”
ဟော်အဖိုးက ဆေးလိပ်ဖွာလိုက်ပြီး “ငါမင်းအရွယ်တုန်းက ငါ့သားက၇နှစ်တောင်ရှိပြီ။မျက်စိတစ်မှိတ်အတွင်း နှစ်ခြောက်ဆယ်ကကုန်သွားလိုက်တာ”
ဆေးလိပ်ကို တောက်လိုက်ပြီး ဆက်ပြောတယ်။“ချူးမိသားစုရဲ့သမီးလေးလည်းမကြာခင်ရောက်မယ်။မင်းနိုင်ငံခြားမသွားခင်တုန်းက မင်းနောက် တစ်ကောက်ကောက်လိုက်နေခဲ့တာလေ။မင်းကို သူတအားသဘောကျတာ။ခုရောသူ့ကို ဘယ်လိုမြင်လဲ”