Chapter 48

4.3K 462 1
                                    

Chapter 48

ပြစ်မှုကျူးလွန်သူသည် မိုဆာ၏ စကားကြောင့် အံ့အားသင့်သွားကာ ရုတ်တရက် “အစ်ကိုဆာ?”
ဒီလိုမျိုး ကြုံဖူးတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါ။ သူသည် ဤဖြစ်ရပ်များကိုသီးသန့် ကိုင်တွယ်လေ့ရှိသည်။ တစ်ဖက်ကို ပိုက်ဆံအနည်းငယ်ပေးခြင်းဖြင့် ပြဿနာကိုအလွယ်တကူ ဖြေရှင်းနိုင်သည်။ တစ်ဖက်က ဒဏ်ရာသိပ်မပြင်းတာကြောင့် ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါ။ သို့သော် မိုဆာ၏လုပ်ရပ်သည် ဤပြဿနာကို လူသိရှင်ကြား ဖြေရှင်းလိုက်ပါဟု ဆိုလိုခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူဘေးမှာ ရပ်နေတဲ့လူက သူ့ကို
‌ခေါ်ထုတ်ပြီး “ဒီနေ့ ဒုက္ခအကြီးအကျယ်ရောက်လုနီးနေပြီဆိုတာ မင်းသိလား?အစ်ကိုဆာက မင်းကို နောက်တစ်ကြိမ်ပိုသတိထားစေချင်တယ်”

ကျူးလွန်သူသည် မယုံပေမယ့်ဘာမှမပြောခဲ့ပါ။

မိုဆာသည် ပြစ်မှုကျူးလွန်သူကို လွတ်ပေးဖို့မရည်ရွယ်ပါ။

မိုဆာသည် ပြစ်မှုကျူးလွန်သူရဲ့ မေးစေ့ကို မြှောက်လိုက်ပြီး “အားဖုန့်၊ သူမကို တောင်းပန်လိုက်ပါ” ဟုပြောပါသည်။

ကျူးလွန်သူမှာ ဖုန့်မိသားစု၏ ဒုတိယသား ဖုန့်ချန်ဖြစ်သည်။ ဖုန့်ချန်သည်မိုဆာကို မယုံကြည်နိုင်စွာ ကြည့်ကာ “အစ်ကိုဆာ?”

“စကားတခွန်းကိုထပ်ခါထပ်ခါပြောရအောင်မလုပ်နဲ့”

ဖုန့်ချန်၏သူငယ်ချင်းက သူ့ကို ရှေ့သို့အမြန်တွန်းလိုက်သည်။ ဟော်ဝူကိုတောင်းပန်ဖို့ မိုဆာ၏ အတင်းအကြပ် ခိုင်းစေခြင်းခံရသောကြောင့် သူ့တွင်ရွေးချယ်စရာမရှိပေ။

ဟော်ဝူသည် စိတ်မပါလက်မပါ ပြီးပြီးရော တောင်းပန်မှုကိုလက်မခံပါ။ သူမ ရင်ဘတ်ရှေ့တွင် လက်ပိုက်ကာ ငြိမ်နေသည်။

မိုဆာက ရယ်မောကာ ချော့ဖို့ကြိုးစားသည်။

“မင်း စိတ်ဆိုးနေသေးလား”

နုံအတဲ့ကလေးမလေးသာဆို မိုဆာ၏ချော့တာကို နာခံပြီးအရှုံးပေးလိမ့်မည်။‌ ဟော်ဝူသည်
သူ၏လှည့်စားမှုကြောင့်ရှုံးမည့် နုံအသော မိန်းကလေးမဟုတ်သည့်အတွက် သူ့အတွက်သနားစရာပင်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now