Chapter 51

4.4K 458 2
                                    

Chapter 51

ယခုချိန်တွင် မိုနီယာသည် ဟော်ဝူ၏တည်ရှိမှုကိသတိပြုမိခဲ့သည်။ သူက ပြင်သစ်လို ဟွာယွီစန်ကိုပြောလိုက်သည်။ ဘာဖြစ်သွားတာလဲဟု မေးနေပုံရသည်။ ထို့နောက်ဟော်ယွီစန်က သူမအား သူနှင့်မိတ်ဆက်ပေးလိုက်ပုံပေါ်သည်။ဟော်ယွီစန်နှင့်စကားပြောပြီးနောက်တွင် သူသည်သူမအားလှမ်းကြည့်လိုက်သည်။

မိုနီယာသည် အသက်ခြောက်ဆယ်ကျော် ပြင်သစ်အမျိုးသားတစ်ဦးဖြစ်သည်။ သူ့ဆံပင်တွေ ဖြူ‌နေပြီးပိန်နေသည်။ သူ့မျက်နှာတွင် လေးနက်သော အမူအရာရှိပြီး သူ့ကိုချဉ်းကပ်ရခက်ပုံပေါ်သည်။

ဟော်ဝူသည်မိုနီယာကို၀တ္ထုဖတ်ခြင်းမှ မသိခဲ့ဘဲသူမ၏ပထမဆုံးအထင်အမြင်မှာ မာနကြီးပြီးပေါင်းသင်းရခက်မည်ဟုမြင်သည်။ တကယ်တော့ ဒါဟာ မိုနီယာကို လူတိုင်း၏ပထမဆုံးအထင်အမြင်ပဲဖြစ်ပါသည်။

သို့သော် မိုနီယာသည် ပေါ့ပေါ့တန်တန် ချဉ်းကပ်ရလွယ်ကူသော တစ်စုံတစ်ယောက်ကဲ့သို့ မဟုတ်သော်လည်း သူ၏ နောက်ခံ၊ ကျင့်ဝတ်များနှင့် အလေ့အထများအကြောင်း သိရှိပါက သူနှင့်အလွယ်တကူ ပေါင်းသင်းနိုင်သည်ကို ဟော်ဝူကသိထားသည်။

ဤအချိန်တွင်မိုနီယာသည် သင့်လျော်သောစီးပွားရေးလုပ်ဖော်ကိုင်ဖက်ရှာဖွေနေသည်ဖြစ်ရမည်။ ဟော်ဝူသည်ကိုလုပ်ငန်းနှင့်ပတ်သက်၍အမျိုးအစားအလိုက် ရှင်းလင်းစွာမသိရှိသော်လည်း
ဤပူးပေါင်းဆောင်ရွက်မှုမှ ရမည့်အမြတ်အစွန်းမှာ သေးငယ်မည်မဟုတ်ပါ။ ဟော်ယွီစန်နှင့် မိုဆာတို့ နှစ်ဦးစလုံးသည် မိုနီယာ၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်များရန် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြသည်။

လုပ်ငန်းအတွက် မိုနီယာ၏မူလလုပ်ဖော်ကိုင်ဖက်မှာ ဟော်ယွီစန်ဖြစ်ပြီး ဟော်ယွီစန်သည် ထူးချွန်သောစွမ်းရည်ရှိပြီး စီးပွားရေးနယ်ပယ်တွင်လည်း အလွန်ကျွမ်းကျင်သောကြောင့် သူသည်သာကောင်းမွန်သောစီးပွားရေးလုပ်ဖော်ကိုင်ဖက်ဟု သူခံစားရပါသည်။ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် များစွာသော အမြတ်အစွန်းများ ထွက်ပေါ်လာမည်ဟု သူခန့်မှန်းသည်။ သို့သော် နောက်ဆုံးမှာတော့ သူတို့၏ လက်တွဲမှု ပျက်ပြားသွားခဲ့ပြီး မိုနီယာက မိုဆာနဲ့ လက်တွဲခဲ့ပါတယ်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now