Chapter 22
ဟော်ဝူ အိပ်ပျော်သွားမှ ဟော်ယွီစန်က သူမအခန်းထဲက ပြန်ထွက်လာတယ်။
သူမအိပ်ပျော်သွားတဲ့ အချိန်မှာ မနက်လေးနာရီ ဒါမှမဟုတ် ငါးနာရီလောက်ရှိနေပြီ။
အခုက မနက် ခုနစ်နာရီ။
ဟော်ယွီစန်က ဒီနေ့ တစ်နာရီ၊နှစ်နာရီလောက်ပဲ အိပ်ရသေးတာကို ဆိုလိုတာပဲ။
ဒါကို သတိထားမိလိုက်တဲ့ အခါ ဟော်ဝူက သူမရဲ့ စောင်ကိုဖယ်၊ ဖိနပ်ကိုမြန်မြန်စီးပြီး ရေချိုးခန်းထဲကို ပြေးတော့တာပဲ။
ရေချိုးခန်းဆီ အမြန်မသွားခင်မှာ အိမ်တော်ထိန်းကျန်းကို "အန်တီကျန်း၊ မနက်စားရင် သမီးကိုစောင့်ပါလို့ ကိုကို့ကို ပြောပေးပါအုံးနော်။"လို့ ပြောလိုက်တယ်။
"မပူပါနဲ့၊ သခင်လေးက သမီးကို စောင့်မှာပါ။" အန်တီကျမ်းက အေးဆေးပြန်ဖြေတယ်။
ဟော်ဝူက သွားတိုက်ပြီး မျက်နှာ မြန်မြန် သစ်လိုက်တယ်။ အောက်ထပ်ကို အမြန်ဆင်းလာတဲ့ အခါ ဆိုဖာပေါ်မှာ ထိုင်ရင်း အလုပ်လုပ်နေတဲ့ ဟော်ယွီစန်ကို တွေ့လိုက်ရတယ်။
ရွှေရောင် နေရောင်ခြည်က သူ့မျက်နှာပေါ်ကို ဖြာကျနေပြီး ပုံရိပ်လေးက နူးညံ့နေတာပဲ။
သူက အဖြူရောင်ကြယ်သီးပါတဲ့ အောက်ခံအင်္ကျီကို ဝတ်ထားပြီးတော့ ခေါင်းလည်း ငုံ့နေတယ်။
အဲ့ဒီ လှပတဲ့ မြင်ကွင်းလေးကို မြင်လိုက်ရတော့ ဟော်ဝူ မမျှော်လင့်ဘဲ တွေးလိုက်မိတာက...
အချိန်တွေ ရပ်တန့်လို့ရရင်ကောင်းမှာပဲ..
ဟော်ဝူက လမ်းလျှောက်သွားပြီး "ကိုကို" လို့ ခေါ်လိုက်တယ်။
ဟော်ယွီစန်က "မကြာခင် အဆင်သင့်ဖြစ်တော့မယ်။" လို့ ပြန်ဖြေတယ်။ ဟော်ယွီစန်က သူမကို မော့မကြည့်ခင် ခဏရပ်လိုက်ပြီး "အဖျားသက်သာသွားပြီလား"လို့ မေးလိုက်တယ်။
"အဖျားကျသွားပြီ" ဟော်ဝူက ချိုချိုသာသာပြုံးပြီး ပြန်ဖြေတယ်။
ဟော်ယွီစန်က မျက်ခုံးပင့်လိုက်ပြီး "အခု နေလို့ရော ပိုကောင်းလား" လို့ မေးလိုက်တယ်။