Chapter 62

4.2K 409 1
                                    

Chapter 62

ဟော်ဟွှီသည် ဘာကြောင့်မှန်း မသိသော်လည်း စကားတစ်ခွန်းကို ရုတ်တရက် ပြန်သတိရမိတယ် ‘မင်းဟာ တောက်ပတဲ့လမင်းကြီးနှင့် နှင်းတွေထက် ပိုလှတယ်၊ သွယ်ဝှိုက်ပြီးဆိုရလျှင်မင်းဟာ ၊ မင်းရဲ့လှပတုဲပုံပန်းသွင်ပြင်လေးဟာဒီကမ္ဘာပေါ်က ဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။’ ဒီစကားကို သတိရမိသောအခါ နှင်းထဲကဟော်ယွီစန်၏ချောမောပြီး နူးညံ့သိမ်မွေ့တဲ့မျက်နှာကို မေ့ထားလို့မရပါ။

အိတ်ကပ်ထဲမှဖုန်းကိုထုတ်ကာ  နှင်းများကျနေသည့်ဓာတ်ပုံကို ပြတင်းပေါက်မှရိုက်ယူလိုက်သည်။ထို့နောက် သူမရဲ့ WeChat မှာ ထိုဓာတ်ပုံကိုတင်ခဲ့ပါသည်။

[တောက်ပသောလနှင့် နှင်းပွင့်များထက် မင်းကပိုလှတယ်]

ဤပုံ၏နောက်ကွယ်၏အဓိပ္ပါယ်ကို သူမသာနားလည်ပါသည်။

ပုံတင်ပြီးသည်နှင့်  WeChat ပင်မစာမျက်နှာသို့ ရောက်‌သောအခါကျေနပ်စွာဖြင့် ဖုန်းရှိ နောက်ပြန်ခလုတ်ကို နှိပ်လိုက်သည်။

မကြာခင်အကြောင်းကြားစာတစ်ခုရှိခဲ့သည်။

တစ်ယောက်‌ယောက် က သူမကို သူငယ်ချင်းအဖြစ် လက်ခံပေးရန်တောင်းဆိုစာလေးဖြစ်သည်။

ဘယ်သူဖြစ်နိုင်မလဲ။ ဟော်ဝူသည် သူငယ်ချင်းတောင်းဆိုချက်ကို နှိပ်လိုက်ရာ ထိုလူက သူမကို လွန်ခဲ့သောသုံးနာရီက သူငယ်ချင်းအဖြစ်လက်ခံပေးရန်ပို့ထားသည်ကို တွေ့လိုက်ရသည်။

သူငယ်ချင်းအဖြစ်လက်ခံပေးရန်ပို့ထားသောစာအပြင် အဆိုပါလူက ပြောထားသည်။
“ကိုယ်က မို‌ဆာပါ”

မိုဆာကသူမကို သူငယ်ချင်းအဖြစ်လက်ခံပေးရန်စာပို့ခဲ့သည်။

သို့သော်လည်း ဟော်ယွီစန်သည် မကြာသေးမီက မိုဆာနှင့် ဝေးဝေးနေရန် သူမအားသတိပေးခဲ့ကြောင်း ဟော်ဝူကပြန်လည်အမှတ်ရသွားသည်။

ဒါကြောင့်‌ဟော်ဝူသည်သူငယ်ချင်းတောင်းဆိုမှုကို ပယ်ချခဲ့ပါသည်။

သူငယ်ချင်းတောင်းဆိုမှုကို ငြင်းပယ်ပြီးနောက် ရေသွားချိုးခဲ့သည်။ ရေချိုးပြီးနောက် သွားတိုက်ခြင်း နှင့် မျက်နှာသစ်ခြင်းများကိုပြုလုပ်ပြီး‌နောက်သူမသည် နွေးထွေးပြီး သက်တောင့်သက်သာရှိသောအိပ်ရာပေါ်မှာ လှဲလျောင်းရင်းဖုန်းကို ကောက်ကိုင်လိုက်ပြီး WeChatကိုထပ်မံ ဖွင့်ကြည့်လိုက်သည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now