Chapter 196-200

3.7K 386 8
                                    

အခန်း ၁၉၆

ရှောင်ဝမ်က ဟော်ဝူကိုတွေ့တော့ နွေးထွေးစွာ ပြုံးလိုက်ပြီး “မမလေး သခင်လေးဟော် ကားထဲမှာ စောင့်နေတယ်”

ဟော်ဝူက အံ့ဩနေသည်။ “ကိုကို သူလည်း ဒီရောက်နေတာလား”

ရှောင်ဝမ် ခေါင်းညိတ်ခဲ့ပြီး “ဟုတ်တယ် သခင်လေးဟော်က တစ်ညလုံး ဒီမှာရှိနေတာ  မမ လေးကားပေါ်က ဆင်းပါ”

ဟော်ဝူနဲ့ ဆူဇန်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဆူဇန်က ပြောသည်။ “အားဝူ  ဘာလို့ငါ့ကိုကြည့်နေတာလဲ ဟော်သခင်လေးရောက်နေတာပဲအရင်သွားလိုက်” 

ဟော်ဝူ‌ ခေါင်းညိတ်ခဲ့၏။ “နောက်တစ်ခါမှ ကျွေးတော့မယ်နော်”

“အင်း” 

ဟော်ဝူက van ကားထဲကနေဆင်းပြီး ဟော်ယွီစန်ကားရှိရာသို့ သွားသည်။ 

ကားအတွင်းပိုင်းက မှိန်ပြပြနဲ့ ။

အပြင်က အလင်းရောင်မှိန်မှိန်က ကားထဲဆီ ဝင်နေသည်။

မှောင်နေပေမဲ့ သူ့ရဲ့ပုံရိပ်ကို မြင်နေရ၏။ 

ရှောင်ဝမ်ကို ဟော်ဝူ မတွေ့တော့ သူမနားထဲမှာ မယုံနိုင်လောက်တဲ့အသံနဲ့ “ကိုကို ရှောင်ဝမ်က ဘာလို့ ကားထဲ မဝင်တာလဲ“ 

ဟော်ယွီစန်ရဲ့အသံက ကားထဲမှာ ပဲ့တင်ထပ်နေသည်။ “သူအပြင်မှာ ခဏစောင့်ရမယ်”

ဟော်ဝူက ပြန်ပြော၏။ 
“အို”

သူမပိုပြီး သက်တောင့်သက်သာ ဖြစ်အောင် ထိုင်လိုက်ပြီး ချဉ်းကပ်လာတဲ့ ခန္ဒာကိုယ်နွေးနွေးကို ခံစားမိသည်။

ဟော်ယွီစန်ရဲ့ ထူးခြားတဲ့ကိုယ်သင်းနံ့ကို ရသည်။ 
ပြီးတော့ အသက်ရှူသံပြင်းပြင်း။

ဟော်ဝူမျက်တောင်ခတ်ပြီး “ကိုကို “
ဟော်ယွိီစန်က ပြုံးလိုက်၏။

သူ့ရဲ့ ချီးမွမ်းစကားက သူမကို အံ့အားသင့်စေခဲ့ပေမဲ့သူက ပုံမှန်ပဲပြောခဲ့သည်။ 

“မင်း ဒီည အရမ်းလှနေတယ် “

အနီရဲရဲဂါဝန်နဲ့ သူမရဲ့အသားအရည်က gelလို ချောမွေ့နေခဲ့သည်။

အဖြူနဲ့အနီ အရောင်စပ်ဟပ်မှုက လူတွေရဲ့အမြင်ကို ဖမ်းစားနိုင်ပြီးတော့ သူမကို အရမ်းလှပစေခဲ့၏။

သူမ မျက်ဝန်းမှာအပြုံးတွေနဲ့ “ကျေးဇူးပဲ” 

"ကျေးဇူးတင်စကား နားထောင်ဖို့လာခဲ့တာ"

ဟော်ဝူက “ဟင်”

သူမ ကျေးဇူးတင်စကားကို ပြောတုန်းက စိတ်ရင်းအမှန်နဲ့ပြောခဲ့တာ ဒါပေမဲ့ ဟော်ယွီစန်ပြောတော့မှ သူမ နည်းနည်းရှက်သွားခဲ့သည်။ 

သူ့အပေါ် ခံစားချက်တွေ ဝန်ခံထားတဲ့ စာပိုဒ်တပိုဒ် ပါနေခဲ့၏။ 

သူမ ဖွင့်ပြောတယ်လို့ mediaတချို့က နားလည်မှုလွဲခဲ့ကြသည်။

ဟော်ယွီစန်က ဟော်ဝူရဲ့ ပခုံးပေါ် လက်တင်ပြုံးရင်းနဲ့ “ပြောတာ့မှပဲ ငါလည်းမင်းကို ကျေးဇူးတင်စရာရှိတယ်“

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now