အခန်း ၁၇၆
သူမက ဟော်မိသားစုရဲ့လက်ထဲမှာ အလိုလိုက်ခံရပြီးကြီးပြင်းလာတဲ့ မင်းသမီးလေးပါပဲ။ ပျော်ရွှင်စွာနဲ့ပဲ ဘဝကို ဖြတ်သန်းသွားမှာပါ။
ဟော်ယွီစန်က နှစ်သိမ့်ပေမယ့် ဟော်ဝူက မသက်မသာ ခံစားနေရသည်။
သူမနဂိုဘဝတုန်းက ကြောက်စရာ ကားတိုက်မှုလည်း ကြုံတွေ့ခဲ့ရသည်။
နဂိုဘဝတုန်းက ကျန်းယွီချင်းက ဟော်မိသားစုဆီ ပြန်လာခဲ့သည်။ ဒီဘဝမှာလည်း ခံ့ခံ့ညားညားနဲ့ ဟော်မိသားစုထဲ ပြန်ဝင်လာခဲ့သည်။
အဖြစ်အပျက် တစ်ခုပြီးတစ်ခု...
နဂိုဘဝက ဖြစ်ခဲ့တာတွေက ခုဘဝမှာလည်း တစ်ခုပြီးတစ်ခုဖြစ်နေသည်။
ဒါကြောင့် ဟော်ဝူက ခဏတော့ ကိုယ့်ကိုကိုယ် သံသယဝင်လာခဲ့၏။
နဂိုဘဝအတိုင်း အဆုံးမသတ်ဖို့ သူလုပ်နိုင်ပါ့မလား။
နဂိုဘဝရဲ့ ဆိုးရွားတဲ့အဆုံးသတ်ကို တွေးမိရင် ဟော်ဝူ အထိန်းအကွပ်မရှိ တုန်ယင်လာခဲ့သည်။ သူမ မျက်ရည်မကျအောင် အချိန်အကြာကြီး ထိန်းထားခဲ့တာ နောက်ဆုံးတော့ ချုံးပွဲချငိုခဲ့သည်။
ဟော်ဝူက လက်ကိုဆန့်ထုတ်လိုက်ပြီး ဟော်ယွီစန်အင်္ကျီအစကို တင်းတင်းဆုပ်ထားလိုက်သည်။ သူ့ရဲ့ရင်ခွင်ထဲမှာ သူမမျက်နှာ အပ်ပြီးတော့ပေါ့။ သူမရဲ့အသံက တိုးတိတ်တုန်ခါနေပြီး တောင်းပန်တဲ့အသံမျိုးနဲ့ “ကိုကို ခုငါ့မှာ ကိုကိုပဲရှိတော့တယ်။ ငါ့ကို ထားမသွားပါနဲ့၊ နော်”
မျက်ရည်ပူတွေက ဟော်ယွီစန်ရဲ့အင်္ကျီ ရင်ဘတ်နားကို ရွှဲရွှဲစိုသွားစေခဲ့သည်။
မျက်ရည်တွေနဲ့ တစ်ခါထဲလောင်သွားသလို သူခံစားရသည်။ သူ့ရဲ့နှလုံးသားကလည်း စူးရှတဲ့နာကျင်မှုကိုခံစားနေရ၏။ ဟော်ဝူ ဒီလောက်ထိဝမ်းနည်းပြီး စိတ်မသက်သာဖြစ်နေတာ သူမြင်ရော မြင်ဖူးရဲ့လား။
သူမက ပျော်ရွှင်နေသင့်တာ။ အခုလို မဟုတ်ဘဲ။
ဟော်ယွီစန်က သူ့ရဲ့မျက်လုံးတွေကို တင်းကျပ်စွာ ပိတ်လိုက်သည်။ သူက ဖြေးဖြေးနဲ့ရှင်းရှင်းလင်းလင်း ပြောခဲ့၏။ ”အိုကေ”