Chapter 80
မိုဆာသည် သူ့အနောက်မှာရပ်နေသော ကျင်းဇီနင်ကို လှည့်ကြည့်ပြီးမျက်စိမှိတ်ပြလိုက်သောအခါ ကျင်းဇီနင်သည် သူမျက်လုံးမှိတ်ပြသည်ကို ချက်ချင်းနားလည်ပြီး ထိုလူဆိုးသုံးယောက်ကို ကျွမ်းကျင်စွာတိုက်ထုတ်လိုက်သည် ။
လူရမ်းကားသုံးယောက်လည်း အလွယ်တကူရှုံးနိမ့်ခဲ့ကြသည်။ ကျင်းဇီနင်၏ တိုက်ကွက်များကိုလှိမ့်နေအောင်ခံနေရသော်လည်း ဤရှုံးနိမ့်မှုကို လက်မခံချင်ကြပေ။ သူတို့အားလုံးသည်လိမ္မာပါးနပ်စွာ အညံ့လိုက်ပြီး သူတို့သည်ခံနိုင်ရည်မရှိတော့ပေ။ လူယုတ်မာများသည် သူတို့၏အသက်ကိုတော့တန်ဖိုးထားကြပါသည်။ ၎င်းတို့သည် ဤဘဝမျိုးတွင် အချိန်အတော်ကြာ နေထိုင်လာသောကြောင့် တချက်ကြည့်ရုံဖြင့် သူတို့ရန်စလို့ဖြစ်တဲ့သူလား ဒါမှမဟုတ် ရန်လို့မရတဲ့သူလားဆိုတာ သိနိုင်ကြသည်။
သူတို့သည်ရဲစခန်းကို မကြာခဏရောက်သောကြောင့်တဲ့ ရဲစခန်းကိုပို့ခံရမှာ မကြောက်ကြပါ။ သူတို့ကိုရဲစခန်းပို့လိုက်သော်လည်း ရက်အနည်းငယ်အချုပ်ကျပြီးပြန်လွတ်လာကြသည်။သို့သော် သူတို့ရှေ့မှာရပ်နေတဲ့လူဟာ အရင်တွေ့ဖူးသူတွေနှင့်မတူဘဲ ဒုက္ခလှလှပေးမည့်သူပဲဖြစ်ပါသည်။
ကျန်းဇီနင်သည် အတိုက်အခိုက်တွင်အလွန်တော်ပါသည်။ သူ၏တိုက်ကွက်များကြောင့် လူဆိုးသုံးယောက်လုံးကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။
“မင်းရဲမခေါ်ခင် သူတို့ကိုသေချာစစ်ဆေးစမ်းပါ”
ကျန်းဇီနင်သည် မိုဆာ၏ညွှန်ကြားချက်ကို လက်ခံရရှိပြီးနောက် လူဆိုးသုံးယောက်ကို အခန်းအပြင်သို့ ဆွဲထုတ်ခဲ့သည်။အခန်းတွင်းမှ လူဆိုးသုံးယောက် ပျောက်ကွယ်သွားသောအခါတွင် ဟော်ဝူသည်မိုဆာအား တုန်လှုပ်စွာမေးလိုက်သည်။
“ရှင်ကဘာလို့ဒီမှာရှိနေတာလဲ”သူမ၏မျက်တောင်များသည် လိပ်ပြာတောင်ပံများကဲ့သို့ကွေးညွှန့်ကာ သူမ၏မျက်နှာသည် ထိုး ဖောက်မြင်နိုင်လုနီးပါး ဖြူဖျော့သွားခဲ့သည်။ သူမ၏ ဖြူဖျော့သောမျက်နှာသည် သူမ၏ မျက်၀န်းနက်နက်များနှင့် ထိပ်တိုက်တွေ့ကာ သူမ၏မျက်လုံးများသည်ပိုမိုထင်ရှားပြီး ဆွဲဆောင်မှုရှိနေသည်။သူမသည်ကြောက်သောအခါတွင်လည်း စွဲမက်ဖွယ်လှပနေဆဲဖြစ်သည်။