Chapter 19

5.2K 531 2
                                    

အခန်း ၁၉

ဒါပေမယ့် သူမ အခု လုံးဝ ဗိုက်မဆာဘူး။ သူမက အစာခြေနိုင်မယ့်ပုံမပေါ်သလို စားချင်စိတ်လည်း မရှိပေ။ ခေါင်းလည်းနောက်နေပြီး စားလိုက်သမျှ ပြန်အန်မယ့်သဘောရှိတယ်။

“မစားချင်ဘူး” ဟော်ဝူက မျက်လုံးရွဲကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ကလေးဆိုးလေးလို ပြောတယ်။

ဟော်ယွီစန်က ခေါင်းကိုက်လာလို့ သူ့နှာခေါင်းကိုသူ ညှစ်မိတယ်။

သူနေလာတဲ့ ၂၅နှစ်လုံးမှာ အခုလိုအခြေအနေလောက် ခက်ခဲတဲ့ကိစ္စမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘူးလို့ ခံစားရတယ်။

သူမရဲ့ ပါပီမျက်ဝန်းတွေအောက်မှာ ဟော်ယွီစန် ကျရှုံးသွားတယ်။ သူက သက်ပြင်းဖွဖွချပြီး ကုတင်ဘေးမှာ ဝင်ထိုင်လိုက်ပြန်တယ်။ “ငါ မသွားဘူးနော်”

ဟော်ယွီစန်ရဲ့ ထွက်မသွားဘူးဆိုတဲ့ ကတိစကားကြားတော့ ဟော်ဝူလည်း စိတ်သက်သာသွားတယ်။

သူမက သူ့ရဲ့ လက်အင်္ကျီစကို ခပ်တင်းတင်းကိုင်ထားတုန်းပဲ။

သူ့ကို ကိုင်ထားသရွေ့တော့ သူမက ဘာကိုမှ ကြောက်နေတော့မှာမဟုတ်ဘူးလို့ သူမ ထင်မိတယ်။

ဟော်ဝူက အခု တော်တော်အားနည်းနေတယ်။ ဝါဂွမ်းလို နူးညံ့တဲ့ အိပ်ယာပေါ် လှဲချလိုက်တာနဲ့ ခဏအတွင်းမှာ အိပ်ပျော်သွားတော့တယ်။

ဟော်ယွီစန်က သူမနားမှာ ထိုင်နေတာကြောင့်ဖြစ်မယ်၊ ဒီတစ်ခါတော့ ဘာအိပ်မက်ဆိုးမှ ထပ်မမက်တော့ဘူး။

သူမအိပ်မက်တွေက တိတ်ဆိတ်အေးချမ်းနေတယ်။

သူမငယ်ဘဝရဲ့ အပျော်ဆုံးအခိုက်အတန့်တွေကို အိပ်မက်မက်တယ်။

သူမမိဘတွေက ငယ်ငယ်နဲ့ ဆုံးသွားတာကြောင့် သူမကလေးဘဝကတည်းက တောမှာ အဘွားနဲ့ နေခဲ့ရတယ်။

ရွာက ဘဝက ရိုးရှင်းတယ်။ ပတ်ဝန်းကျင်ရှုခင်းတွေကလည်း သာယာလှပတယ်။ တောကလူတွေကလည်း ရိုးသားပြီး ရိုင်းပင်းကြတယ်။

သူမ ကျောင်းတက်ရတဲ့အချိန်မဟုတ်ရင် သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်၊ စွန်လွှတ်၊ ပိုးကောင်ဖမ်းတာတွေ လုပ်လေ့ရှိတယ်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now