Chapter 52

4.3K 461 3
                                    

Chapter 52

နောက်ဆုံးတွင်မိုနီယာနှင့် ဟော်ယွီစန်တို့၏ ပူးပေါင်းဆောင်ရွက်မှုသည်နေသားမကျ ဖြစ်ခဲ့သည်။

သူတို့၏ပူးပေါင်းဆောင်ရွက်မှု ပြိုပျက်သွားချိန်မှာပဲ မို‌ဆာဟာ မိုနီယာ၏မျက်လုံးထဲကို ရောက်သွားခဲ့သည်။ မိုဆာက ရယ်ရသည်။ သူသည် ဟော်ယွီစန် ပေးခဲ့သည့်ပစ္စည်းအတုဖြစ်ကြောင်း မိုနီယာကို အကြံပေးရုံတင်မကဘဲ မိုနီယာနှစ်သက်တဲ့ တခြားလက်ဆောင်တွေကိုလည်း ပေးခဲ့ပါသည်။

တဖန်းချီ၏ပန်းချီကားနောက်ကွယ်မှဖြစ်ရပ်မှန်သတင်းကို မိုနီယာကသိရပြီးနောက်အရာအားလုံးကိုနားလည်ခဲ့သည်။

သို့သော်လည်း မိုနီယာသည် စီးပွားရေးသမားတစ်ဦးဖြစ်ပြီး စီးပွားရေးသမားတစ်ဦးအနေဖြင့် စီးပွားရေးနယ်ပယ်သည် စစ်မြေပြင်ကဲ့သို့ပင်ဖြစ်ကြောင်း သူသိသည်။ သူ့ကိုယ်သူ အကျိုးရှိနိုင်သရွေ့ သူ့ရည်ရွယ်ချက်ကိုအောင်မြင်အောင် လက်လျှို့ဝှက်နည်းလမ်းများကို အသုံးပြုခြင်းသည် အဆင်ပြေပါသည်။

စီးပွားရေးလုပ်ငန်းများကြားတွင် ပြိုင်ဆိုင်မှုသည် အမြဲတမ်း ပြင်းထန်ခဲ့သည်။ အထူးသဖြင့် ဒီတစ်ခါ မိတ်ဖက်လုပ်ခြင်းမှာ ငွေအမြောက်အမြားပါဝင်တာကြောင့် လူတိုင်းကလိုချင်ကြပါသည်။

မိုဆာ၏နည်းလမ်းများသည် လျှို့၀ှက်နည်းလမ်း‌ဖြစ်သော်လည်း မိုဆာသည် ထက်မြက်သောလူငယ်တစ်ဦးဖြစ်သည်။ မိုနီယာသည် နောက်ဆုံးတွင် စမတ်ကျသောသူများနှင့် တွဲလုပ်ရန်အနှစ်သက်ဆုံးဖြစ်သဖြင့် သူ့ပါတနာအဖြစ်မို‌ဆာကိုရွေးချယ်ခဲ့သည်။

ဇာတ်ကြောင်းကို ပြန်သတိရမိသောကြောင့်ဟော်ဝူသည်‌လေကိုဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။

အရင်ဘဝတုန်းကမိုဆာသည်‌ဟော်ယွီစန်ထံမှ စီးပွားရေးသဘောတူညီချက်ကို လုယူခဲ့ပြီးယခုဘ၀တွင် ဟော်ယွီစန်သည် မိုဆာထံမှ စီးပွားရေးသ‌
ဘောတူညီချက်ကို လုယူနိုင်အောင် သူမကူညီရမည့်အလှည့်ဖြစ်သည်။

စိတ်မကောင်းပါဘူးမို‌ဆာဟု သူမစိတ်ထဲကနေ တောင်းပန်ခဲ့ပေမယ့် သူမဟာ ဟော်ယွီစန်ဘက်မှာပဲရှိတဲ့အတွက် သူမဟာ ဟော်ယွီစန်ကိုသာ ကူညီပေးပါလိမ့်မည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now