Chapter 93

3.4K 351 2
                                    

Chapter 93

ဒီည ဝမ်ကျွယ် ဟော်တယ်မှာ စီးပွားရေးတွေ့ဆုံပွဲကြီး တစ်ခုရှိတယ်။နိုင်ငံတစ်နိုင်ငံလုံးက အောင်မြင်ကျော်ကြားတဲ့သူတွေလာမယ်။ဒီလိုပွဲမျိုးတက်နိုင်တာက အထက်တန်းလွှာရဲ့ထိပ်တန်းတွေပဲ။

ဟော်ယွီစန် အဲ့ဒီပွဲကို ဒီညတက်မှာ ဟော်ဝူသိတယ်။ဒါပေမယ့် နက်ဖြန်သူမထွက်သွားရမှာကိုတွေးရင် နည်းနည်းစိတ်ပျက်မိတယ်။မနက်ဖြန်ပြီးရင် နောက်တခါ အိမ်ပြန်လာနိုင်မှာက တရုတ်နှစ်ကူး ။ဟော်ယွီစန်နဲ့ လဝက်လောက်မတွေ့ရဘူး။

ဒါပေမယ့် ဒီနေ့ညတွေ့ဆုံပွဲက အရမ်းအရေးကြီးတယ်ဆိုတာသူမသိတယ်။ဟော်ယွီစန်အပြင် သူတို့ရဲ့အဖိုးလည်းရှိမယ်။ဒီလိုတွေ့ဆုံပွဲမျိုးက တွေ့ဆုံပွဲဆိုတာမျိုးထက်မိသားစုနောက်ခံကိုဖော်ပြတာ။

ဒီလိုတွေ့ဆုံပွဲမျိုးမှာ လုံခြုံရေးကိုအထူးတင်းကြပ်ထားကြတယ်။weiboမှာ သတင်းအချက်အလက်နည်းနည်းတောင်ရှာတွေ့မှာမဟုတ်ဘူး။ဟော်ဝူ ဒီတွေ့ဆုံပွဲအကြောင်း သတင်းမရနိုင်ဘူးဆိုတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲသူမအထုပ်တွေသိမ်းရုံအပြင်မရှိဘူး။

ဝမ်ကျွယ်ဟော်တယ်၊အပေါ်ဆုံးထပ်

တွေ့ဆုံပွဲမှာ ကြည့်ကောင်းတဲ့သူတွေအများကြီးတွေ့နိုင်တယ်။လူကြီးလူကောင်းတွေအကုန်လုံးကဝတ်စုံပြည့်ဝတ်ထားကြတယ်။ဘေးမှာလည်း ချောမောလှပတဲ့ အဖော်တစ်ယောက်စီနဲ့။

ဒီလိုတွေ့ဆုံပွဲက အချိတ်အဆက်နဲ့စီးပွားရေးအခွင့်အလမ်းအကြောင်းဆွေးနွေးကြတာပဲ။

အခု ဟော်ယွီစန်နဲ့သူ့ရဲ့အဖိုးကျန်းကော်က လူတွေနဲ့စကားပြောနေကြတယ်။

အဲ့ညက ကျန်းကော်က ငယ်ရွယ်တဲ့ကောင်မလေးတစ်ယောက်ကို အဖော်အဖြစ်ခေါ်လာခဲ့တယ်။၂၀စွန်းစွန်းလောက်ပဲရှိပုံပေါ်တယ်။ကျောကိုဖော်ထားတဲ့အနီရောင်ဂါဝန်ရှည်ကြီးကိုဝတ်ထားပြီး၁၀စင်တီလောက်အမြင့်ရှိတဲ့ဒေါက်ဖိနပ်ကို စီးထားတယ်။မိတ်ကပ်ပါးပါးပြင်ထားပြီး ကျက်သရေရှိစွာလှပနေတယ်။

တစ်ဖက်မှာတော့ ကျန်းကော်က အရပ်ပုပြီးအသက်ကြီးတယ်။ဒေါက်ဖိနပ်စီးထားတဲ့ သူမကသူ့ဘေးမှာရပ်လိုက်တော့ သူမကသူ့ထက်ခေါင်းတစ်ဝက်လောက်အရပ်ပိုရှည်နေပြီး မလိုက်ဖက်ဘူး။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now