Chapter 116- 120

4.2K 394 5
                                    

အခန်း ၁၁၆

ကျန်းယွီကျင်းရဲ့ အေးစက်တဲ့ပုံစံအရ ဒီညနေ သူမရဲ့မိသားစုဆီ အိမ်ပြန်မှာ မဟုတ်ဘူး။

တရုတ်နှစ်ကူးက ဒိုး(မုန့်လူံး)လုပ်ဖို့ အချိန်ကောင်းပဲ။

အရိုးထိဆိမ့်အောင် အေးတဲ့လေနဲ့ နှင်းလည်းကျတာကြောင့် ဒီနှစ်ဆောင်းက အတော်အေးသည်။ ဒီရက်ပိုင်း အအေးဆုံးအပူချိန်က စံချိန်တောင်ချိုးသည်။ ကျန်းလင်မယားနှစ်ယောက် ပိတ်ရက်မှာပျော်ရောပျော်ခဲ့ရဲ့လားမသိဘူး။

ဟော်ဝူက ဒီလင်မယားကို ကူညီချင်သည်။ ဒါပေမယ့် သူ့ရဲ့နောက်ကြောင်းကို မဖော်ပဲနဲ့ ကူညီဖို့ အကြောင်းအရင်းကောင်းကို သူမ ရှာမတွေ့ဘူး။ နဂိုဘဝတုန်းကလို မိဘရင်းတွေဆီ တိုက်ရိုက်သွားတွေ့သလိုမျိုး ကြမ်းကြမ်းတမ်းတမ်း လုပ်လို့မရဘူး။

အဲ့ဒါဆိုရင် သူမ ဘာလုပ်သင့်လဲ။

သူမ အနည်းငယ် စိတ်ဖိစီးသွား၏။ ဒါပေမယ့် ရုတ်တရက် အကူအညီဖြစ်နိုင်မယ့် တစ်ယောက်ကို တွေးမိသည်။ ချူးရွှယ်ယိ။

ချူးရွှယ်ယိက နွေးထွေးပြီး ရက်ရောသည်။ လူမှုရေးအလုပ်တွေလည်း လုပ်၏။ သူကနှစ်တိုင်း လူတွေကို ကူညီဖို့ ပိုက်ဆံ အမြောက်အမြားသုံးသည်။

အဲ့ဒါအပြင် အဝင်ကောင်းအောင်လည်း သူမလုပ်ပေးလိမ့်မည်။

အစက ခုပဲ ချူးရွှယ်ယိကို ဆက်မလို့။ ဒါပေမယ့် အချိန်ကို ကြည့်လိုက်တော့ ပွဲကိုစောင့်နေတဲ့သူတွေတောင် အိပ်နေလောက်ပြီလို့ သူမတွေးသည်။ အဲ့ကြောင့် ခုတော့နားပြီး နောက်နေ့မနက်ကျမှ ချူးရွှယ်ယွိီကို ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်၏။

နောက်ကျနေပေမယ့် သူမအိပ်မပျော်ဘူး။ ဒီတိုင်း weiboကိုကြည့်နေရင်းနဲ့ ဖော်လိုဝါသန်းချီရှိတဲ့ အကောင့်တစ်ခုကို ရှာတွေ့သည်။

အဲ့အနုပညာရှင်အကောင့်မှာ သူ့လက်ရာတွေနဲ့ပဲ ပြည့်နေ၏။ ဆွဲထားတဲ့ပုံလေးတွေက ချစ်ဖို့ကောင်းသည်။ မျဉ်းကြောင်းကအစ အရောင်စပ်ပုံရော လေကောင်းလေသန့်ကို ရှုရှိုက်လိုက်ရသလိုပဲ။ ဒီပုံလေးတွေကိုကြည့်ပြီး ဟော်ဝူ အတော်လေးစားသွားသည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now