Chapter 06

6.5K 643 1
                                    

Chapter 6

ဒါပေမယ့် ဟော်ယွီစန်ကို အနီးကပ်မြင်လိုက်ရတော့ စာအုပ်ထဲမှာ ပုံဖော်ထားတာထက်တောင် ပိုပြီးတော့ ဆွဲဆောင်မှုရှိတာကို တွေ့ရတယ်။  သူ့ရဲ့မျက်ဆံလေးတွေက မည်းနက်နေပြီး ကြယ်တွေစုံနေတဲ့ ညတညလိုပဲ တလက်လက်တောက်ပနေတယ်။  သူ့ရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်မိလိုက်ရင် စကြာဝဠာကြီး တခုလိုပါပဲ။  ဒီလိုလူမျိုးနားမှာ ဝိုင်းဝိုင်းလည်နေတာ မထူးဆန်းပါဘူးလေ။

“အမယ် ဟော်ဝူတယောက် လိမ္မာနေပါလား”

ဟော်ယွီအွာက ဟော်ဝူကို နားမလည်သလို ကြည့်နေတယ်။  သူ့သမီးက မောက်မာပြီး အထိန်းအကွပ်မဲ့တာကို သူသိထားတယ်လေ။

သူအရင်နေ့တွေကဆိုရင် ဒီလိုမျိုးသာခေါ်လိုက်ရင် ဒီလိုမျိုး အေးအေးသက်သာဆင်းလာမှာမဟုတ်ဘူး။

သူ့အဖေရဲ့စကားကြောင့် ဟော်ဝူတယောက် ခြေလှမ်းတွေတုန့်သွားတယ်။  ဒါပေမယ့် ချက်ခြင်းပဲ ကိုယ်ဟန်ကိုပြင်လိုက်ပြီး “သမီးအကို ပြန်ရောက်နေတာပဲကို” လို့ ပြုံးပြုံးလေး ပြောလိုက်တယ်။

သူအရင်နဲ့မတူဘဲ အပြုအမူတွေ တစ်မျိုးဖြစ်နေရင် ဟော်ယွီအွာတယောက် ရိပ်မိသွားမှာကို ဟော်ဝူမစိုးရိမ်ပါဘူး။

ဟော်ယွီအွာက အိမ်မှာမရှိတဲ့အချိန်များပါတယ်။  တနှစ်မှာ ၃၆၅ရက်ရှိမယ်ဆိုရင် ပိုပိုသာသာတွက်ကြည့်မှ ရက်၃၀ထက် မပိုပါဘူး။

သူ့အဖေက အစိုးရအရာရှိကြီးတယောက်မလို့ ဟော်ဝူတယောက် သူ့ကိုတွေ့ချင်တယ်ဆိုရင် အဆင့်ဆင့် အထပ်ထပ် စာရွက်စာတမ်းတွေ တထပ်ကြီးနဲ့ ကြိုတင်ချိန်းဆိုပြီးမှ တွေ့ခွင့်ရပါတယ်။

ဟော်ယွီအွာနဲ့ သူ့မိန်းမ ဖန်မင်လန်က စီးပွားရေးသမားနဲ့ နိုင်ငံရေးသမားတို့ရဲ့ ပေါင်းဖက်ခြင်းတခုပါပဲ။
ဟော်ယွီအွာက အတော်ကို တင်းကျပ်တဲ့ စစ်အသိုင်းအဝိုင်းကနေ ဆင်းသက်လာတာပါ။  ဖန်မင်လန်ကတော့ ချမ်းသာတဲ့ စီးပွားရေးသမားတယောက်ရဲ့ တဉီးတည်းသော သမီး။

ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက ချောမွေ့ပါတယ်။  ဖန်မင်လန် ကွယ်လွန်သွားတာ ၁၀နှစ်ကျော်လောက်ရှိနေပြီ။  ဒီဆယ်နှစ်ဆိုတဲ့ အချိန်မှာ ဟော်ယွီအွာ တွဲခဲ့တဲ့ မိန်းမတွေမှ အများကြီးပါ။  ဒါပေမယ့် တယောက်ကိုမှ အတည်ယူဖို့ မစဉ်းစားခဲ့ဘူး။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now