Chapter 05

6.7K 675 4
                                    

Chapter 5

သူ့ရဲ့အမြင်မှာတော့ သူက ဆန်ကြမ်းကို ရေလုံပြုတ်ဟင်းနဲ့ မျှောချနေရချိန် ဟော်ဝူက ဆီဉီးထောပတ်တွေကို မှီဝဲနေခဲ့ရတယ်။  သူက ကျောင်းစရိတ်အတွက် အချိန်ပိုင်းအလုပ်တွေနဲ့ ပိုက်ဆံရှာနေရချိန် ဟော်ဝူက ဆရာတွေ တယောက်တယောက်နဲ့ တဉီးချင်းကျူရှင်တွေကို စိတ်ကြိုက်တက်နိုင်နေခဲ့တယ်။  ဆောင်းတွင်းမှာ သူက သစ်သားကုတင်ကြမ်းမှာ မလုံ့တလုံ့စောင်လေးခြုံပြီး ခိုက်ခိုက်တုန်နေခဲ့ရချိန် ဟော်ဝူကတော့ ဖဲမွှေ့ယာအကောင်းစားကြီးပေါ်မှာ နွေးနွေးထွေးထွေး အိပ်ခဲ့ရတယ်။

မတရားအလုပ်ခံရတယ်လို့ စိတ်ထဲမှာမှတ်ယူလိုက်ပြီး ကလဲ့စားချေဖို့ကြံစည်တယ်။

အလိုလိုက် အကြိုက်ဆောင်ခံထားရပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စား ဇာတ်ရံအမျိုးသမီးက သူ့ရဲ့ပြိုင်ဘက်တယောက်မဟုတ်ဘူး။  ဇာတ်လိုက်က တသက်လုံး ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး အခုလိုမျိုးအခြေအနေကို ရလာခဲ့တာ။  ဒီတော့ ဟော်ဝူကို အသာလေးတောက်ချလို့ရတယ်။  ဟော်ဝူတယောက် ဟော်ယွီကျင်းရဲ့ ထောင်ချောက်မိပြီး တောရွာတွေဘက်ကို ကန်ထုတ်ခံရမယ့် အချိန်က သိပ်မကြာတော့ပါဘူး။

ဟော်ဝူကို တောင်တန်းဒေသက မိသားစုတခုက ခေါ်ဆောင်သွားခဲ့ပြီး သူတို့ရဲ့ ရူးနှမ်းနှမ်း သားနဲ့လက်ထက်စေခဲ့တယ်။  လအနည်းငယ်အကြာ အသက်နှစ်ဆယ့်တနှစ်မှာပဲ သူဟာ စိတ်ကျရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။

ဟော်ယွီကျင်းက ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်မဟုတ်ပါဘူး။  သူက တော်တယ် ထက်မြက်တယ်။  ဒါပေမယ့် မာနကြီးလွန်းတယ်။

ဟော်ဝူလို လူမျိုးက ဟော်ယွီကျင်းရဲ့ ခြေဖျားတောင်မမှီပါဘူး။

သူက အဖေနဲ့အမေကို သမီးအရင်းမဟုတ်ပါဘူးလို့ ဖွင့်ပြောလိုက်ရင်တောင် ဟော်ယွီကျင်းသူ့အပေါ်ထားတဲ့ အမှန်းတရားတွေ လျော့ကျသွားမှာ မဟုတ်ဘူး။

နောက်ပြီး ဆယ့်ရှစ်နဲ့ ဆယ့်ခွန်ဆိုတာ ဘာမှကြာမြင့်တဲ့ အချိန်ကာလမဟုတ်ဘူး။

ဟော်ဝူတယောက် အစီအစဉ်ကို သေချာဆွဲလိုက်တယ်။  ဒါပေမယ့် သူ့အစီအစဉ်ကို အချောသတ်နိုင်ဖို့ ဟော်ယွီစန်ကိုတွေ့ဖို့လိုအပ်တယ်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now