161-165

3.9K 346 11
                                    

အခန်း ၁၆၁

ဟော်ဝူက နှုတ်ခမ်းကို ဆူလိုက်သည်။ သူမရဲ့နှုတ်ခမ်းသားတွေက ခြောက်သွေ့နေပြီး လက်ချောင်းလေးတွေက တင်းမာမှုကြောင့် အနည်းငယ်ကွေးကောက်နေခဲ့၏။ “အမဆူဇန် တလောက weiboမှာဘာတွေဖြစ်ခဲ့တာလဲ”

“တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ အင်တာနက်မှာ နင်က ဟော်မိသားစုရဲ့သမီးရင်း မဟုတ်ဘူးဆိုတဲ့ကောလဟာလတွေ ပျံ့နေတာ”

အဲ့စာကြောင်းက လျှပ်စီးလက်သွားသလိုပဲ၊ အလင်းတန်းတစ်ခုက‌ ဟော်ဝူရဲ့မျက်လုံးတွေထဲကို ဖြတ်ဝင်သလို ခေါင်းတစ်ခုလုံး ချာချာလည်သွားခဲ့သည်။

ဆူဇန်က‌ ဟော်ဝူကို မြန်မြန်ထိန်းလိုက်၏။ ”အိုး စိတ်မဆိုးနဲ့၊ ဖျော်ဖြေရေးလောကမှာ မှန်မှန်မမှန်မှန် သတင်းတွေကအများကြီး၊ နောက်ပိုင်း စီးပွားရေးလုပ်ရင် ဒီလိုမျိုးတွေ အများကြီးကြုံရမှာ၊ တွေ့လား ဒီသတင်းက မင်းကိုစိတ်ဆိုးစေတယ်၊ အဲ့‌တာကြောင့် သခင်လေး ဟော်က နင့်ကိုမပြောဖို့ပြောတာ”

ဆူဇန်က ဒီလိုသတင်းအတုကြောင့်‌ ဟော်ဝူ ဒေါသထွက်သွားတယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် သူမစိတ်ထဲမှာ တကယ်ကြောက်နေခဲ့တာဆိုတာကို သူမပဲသိသည်။

ဘာလို့လဲဆိုတော့  သူက ဟော်မိသားစုရဲ့သမီးအရင်းမဟုတ်ဘူးလေ။

ဘယ်သူ့ဆီက ဒီသတင်းထွက်လာတာလဲ၊ ဒီလိုသတင်းမျိုးကို ဖြန့်ပြီး အဲ့လူမှာဘာအကျိုးရှိသွားတာလဲ။
ဟော်ဝူမှာအဖြေမရှိခဲ့။

သူမအသက်ပြင်းပြင်းရှုပြီး စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။

ဟော်ဝူက ညင်ညင်သာသာ ဆံပင်တွေကို နားနောက်သပ်လိုက်၏။ သူ့ရဲ့လက်တွေ အနည်းငယ်တုန်နေခဲ့တာ သူပဲသိသည်။

“အမဆူဇန်၊ အဲ့ကောလဟာလတွေကို ပရိတ်သတ်တွေ ဘယ်လိုတုန့်ပြန်လဲ”

ဆူဇန်က ခေါင်းခါပြရင်း “သခင်လေး ဒီအကြောင်းကိုသိတော့ ချက်ချင်းသတင်းတွေကို ဖျက်ချခဲ့တယ်၊ ဒါပေမယ့်သတင်းတက်လာတာက မနက်နှစ်နာရိကွက်တိကြီး ပြီးတော့လူတွေရဲ့ စိတ်ဝင်စားမှုကလည်း ပိုပိုတိုးလာတာ၊ တို့လူတွေ သတိမထားမိခင်တင် ရေပန်းစားတဲ့ ခေါင်းစဥ် ဖြစ်နေပြီ။ အဲ့တော့ ငါတို့မရပ်နိုင်ခင် ဒီသတင်းကို တော်တော်များများ မြင်ပြီးလောက်တယ်။”

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now