Chapter 53

4.3K 460 2
                                    

Chapter 53

မိုဆာသည် တဖန်းချီ၏လက်ရာအစစ်များက်ိုလေလံပွဲမစခင်တည်းက လျှို့၀ှက်နည်းများဖြင့် အတုနှင့်အစားထိုးပြီးဖြစ်သည်။

ယခုအချိန်တွင် အတုသည်အစစ်ကဲ့သို့ တူညီမှုနှုန်းမြင့်မားနေသည်။ ခြားနားချက်ကို မြင်ရန်အတော်လေးခက်ခဲသော်လည်းပစ္စည်းအတုသည် အမြဲတမ်းအတုဖြစ်နေလိမ့်မည်။ ဘယ်တော့မှအစစ်မဖြစ်နိုင်ပါ။

ဒီခေတ်က အနုပညာဈေးကွက်ရဲ့ စည်းမျဥ်းစည်းကမ်းတွေက မပြည့်စုံသေးပါ။ အနုပညာလက်ရာများ၏စစ်မှန်မှုကို စစ်ဆေးရန်လည်း အလွန်ခက်ခဲပါသည်။ လွန်ခဲ့သည့် ရာစုနှစ်များမှ အစပြုခဲ့သော အနုပညာလက်ရာများဖြစ်သောကြောင့်ကျွမ်းကျင်သူများကအနုပညာလက်ရာများသည် အစစ်အတုဖြစ်ကြောင်း နားလည်ရန် ခက်ခဲသည်မှာအဆန်းမဟုတ်ပါ။

တရုတ်နိုင်ငံရှိ လေလံကုမ္ပဏီအချို့သည်တာဝန်ယူမှုမရှိသောကြောင့် ၎င်းတို့လေလံတင်ရောင်းချသည့်ပစ္စည်းသည်အတုမှန်းသိသော်လည်း လေလံတင်ရောင်းချသည့်ကိစ္စများရှိသေးသည်။

ဆိုလိုသည်မှာ ဝယ်သူသည်အတုအပပစ္စည်းကို ဝယ်ခဲ့ရင်တောင်မှ  အာမခံချက်မရှိတာမို့ ဆုံးရှုံးမှုကိုသာ ခံနိုင်ရည်ရှိရမှာဖြစ်ပါသည်။

သို့သော် လေလံပွဲမတိုင််ခင် ပစ္စည်းအစစ်မှန်ကိုမိုဆာကလဲထားလိုက်သည်။ ဤပစ္စည်း၏ စစ်မှန်မှုသည် ငွေကြေးအမြောက်အမြားပါ၀င်သောကြောင့် ဟော်ယွီစန်သည် လေလံမတင်မီ ဤပစ္စည်း၏စစ်မှန်ကြောင်း အတည်ပြုရန် ကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းခဲ့သည်။ သို့သော် လူတိုင်းစောင့်ကြည့်နေတဲ့ မျက်လုံးအောက်မှာ အတုတစ်ခကိုမို ဆာက ပစ္စည်းအစစ်နှင့် ပြောင်းလဲပစ်နိုင်မယ်လို့ သူဘယ်တုန်းကမှမထင်ထားခဲ့မိပါ။

မိုဆာသည် သူ၏လက်အောက်တွင် အရည်အချင်းရှိသူများစွာအလုပ်လုပ်နေပြီး သူ၏လက်လှမ်းမီသော ဆက်ဆံမှုများနောက်ကွယ်တွင် မည်သည့်သဲလွန်စကိုမှ မချန်ထားရန် အမြဲသေချာနေခဲ့သည်။ ဟော်ယွီစန်သည် ပစ္စည်းအစစ်အမှန်ကို အတုအဖြစ်ပြောင်းထားသူမှာ မိုဆာဖြစ်သည်ဆိုတာကို သိရင်
တောင်ဆုံးရှုံးပျက်စီးမှုဖြစ်ပြီးနေပြီ။ ဟော်ယွီစန်လုပ်သမျှစီးပွားရေးဟာ မိုဆာ၏လက်ထဲသို့ရောက်သွားပေလိမ့်မည်။ ယနေ့ စီစီတီဗီကင်မရာများ အားလုံးပျက်နေပြီး မျက်မြင်သက်သေမရှိပေ။ ဟော်ယွီစန်သည် မိုဆာတရားခံဖြစ်ကြောင်းဖော်ထုတ်နိုင်မည့်အထောက်အထားကို ရှာတွေ့နိုင်မည်မဟုတ်ပါ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now