Chapter 151-155

3.7K 337 6
                                    

အခန်း ၁၅၁

စကားတစ်ခုရှိသည်။ ယောင်္ကျားတွေ အကြောင်းကိုယောင်္ကျားတွေပဲ သိတယ်တဲ့။ ပြီးတော့ နောက်စကားတစ်ခု ရှိသေးသည်။ မင်းအကြောင်းကို အသိဆုံးသူက ရန်သူတဲ့။

အဲ့လိုသာဆို မိုဆာက ယောင်္ကျားလေးလည်း ဖြစ်သည်။ ဟော်ယွီစန် အကြောင်းကိုလည်း သူများထက်ပိုသိတယ်ဆိုတော့ ဟော်ယွီစန်ရဲ့ရန်သူပဲ။

စားပွဲထိုးက ဟင်းပွဲတွေ ချပေးပြီးတော့ ၄ယောက်လုံး စစားသည်။ အစားအသောက်တွေက ကောင်းသည်။ ပါဝင်ပစ္စည်းတွေက သန့်ရှင်းလတ်ဆက်ပြီး ဆန်းသစ်၏။ ဒါပေမယ့် မိုဆာ စားချင်စိတ်မရှိဘူး။ ဘာလို့လဲဆိုတော့ ဟော်ယွီစန်ကို တစ်ချိန်လုံးကြည့်နေရလို့။

မိုဆာ ကြည့်နေတာ သိသာလွန်းလို့ ထိုင်နေတဲ့ကျန်တဲ့သူတွေပါ သတိထားမိသည်။

မိုဆာ ကြည့်နေမှန်း ဟော်ယွီစန် သတိထားမိတော့ သူက မျက်လုံးမော့ကြည့်ပြီး “ဘာလဲ”

မိုဆာ အေးအေးပဲ ပြန်ဖြေ၏။ “ဘာမှမဟုတ်ဘူး။”မျက်နှာမှာ ဘာမှ မဖော်ပြထားပေမယ့် သူ့ရင်ထဲမှာဗြောင်းဆန်နေသည်။

ဟော်ယွီစန် ဟော်ဝူကို ကြည့်နေတာ ညီမလေးတစ်ယောက်ကို ကြည့်တဲ့မျက်လုံးတွေ မဟုတ်ဘူး။

အစ်ကိုတစ်ယောက်အနေနဲ့ ညီမရဲ့မျက်လုံးကို နူးညံ့မှု၊ သည်းခံမှုနဲ့ဂရုစိုက်မှုတွေနဲ့ ကြည့်နိုင်ပေမယ့် စိတ်ရှည်သည်းခံတာတို့ ဖိအားပေးတာမျိုးနဲ့တော့ကြည့်လို့မရဘူး။

နောက်ကကြည့်တဲ့ပုံစံက ယောင်္ကျားလေးတွေက သူကြိုက်တဲ့မိန်းကလေးကို ကြည့်တဲ့ပုံစံ။ အစ်ကိုက ညီမလေးကို ကြည့်တဲ့ပုံမျိုးမဟုတ်ဘူး။

အစထဲက သူမှန်းတာ မှန်တယ်မလား။

ညီမအပေါ်အစထဲကမရှိသင့်တဲ့ စိတ်မျိုး ဟော်ယွီစန်မှာ ရှိသည်။

အဲ့လိုတွေးမိတော့ မိုဆာ မျက်နှာအေးစက်သွား၏။

ညစာစားပွဲရဲ့အခြေအနေက တိတ်ဆိတ်ခြောက်ကပ်နေသည်။

ယွီချင်းချင်း စိတ်ထဲကနေ မကျေမနပ်ပြော၏။ ဘယ်လို ညစာစားပွဲကြီးပါလိမ့်။ ဟော်ယွီစန်နဲ့မိုဆာ ဒီလိုမျိုး တင်းမာနေမယ်ဆိုတာသာ သိရင် သူလိုက်လာမိမှာ မဟုတ်ဘူး။ ဒါပေမယ့် ယွီချင်းချင်းကတင်းမာနေတဲ့ အခြေအနေကို ဖြန်ဖြေဖို့လုပ်သည်။ သူမ ရယ်မောပြီးပြော၏။ “ဒီဟာလေးစားကြည့်၊အရသာရှိတယ်”

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now