Chapter 85

4K 410 2
                                    

Chapter 85

အကြင်နာမဲ့သောကလေးမလေးသည် မိုဆာကို စွန့်ပစ်ရုံသာမက ယွီချင်းချင်းကိုလည်း ချန်ထားခဲ့သည်။

သို့သော်လည်း ဟော်ဝူသည်သတိကပ်ကာယွီချင်းချင်းအား အန္တရာယ်ကင်းစွာအိမ်ပြန်ပို့ပေးဖို့အတွက် တစ်စုံတစ်ယောက်ကိုစေလွှတ်‌ပေးရန် ဟော်ယွီစန်အား ပြောခဲ့သည်။

ဟော်ဝူနှင့် ဟော်ယွီစန်တို့သည် သီးသန့်ထားရှိသော အခန်းထဲသို့ ရောက်လာကြသည်။ ဟော်ယွီစန်သည် တစ်ယောက်တည်း ဒီစားသောက်ဆိုင်မှာ လာစားတာမဟုတ်ဘူးဆိုတာ ဟော်ဝူချက်ချင်း သဘောပေါက်သွားပါသည်။ ဟော်ဝူ ၏အတွင်းရေးမှူးနှင့် သက်တော်စောင့်အပြင်အခန်းထဲ၌ အလွန်နုပျိုသောလူတစ်ယောက်လည်း ရှိနေသည်။

လူငယ်လေးသည် သူ့နှာခေါင်းပေါ်တွင် ရွှေရောင်မျက်မှန်တပ်ထားသည်။ သူကသာမန်အိမ်နီးနားချင်းတစ်ယောက်လို နူးညံ့ပြီးချောမောပုံရသည်။ သို့သော် ဟော်ယွီစန်၏သူငယ်ချင်းတစ်ယောက်ဖြစ်သောကြောင့် သူသည် ရိုးရှင်းသောဇာတ်ကောင်မဟုတ်ကြောင်း ဟော်ဝူသိပါသည်။

ဖုယီနင်သည်  သူမ၏ အရွယ်ရောက်လာသောအသွင်အပြင်ကြောင့် အနည်းငယ်အံ့သြသွားသည်၊ "သူက မင်းညီမလား"

ဟော်ယွီစန်က ပေါ့ပေါ့ပါးပါးပဲတုံ့ပြန်လိုက်သည်။

ထို့နောက်သူသည် တစ်ရှူးသေတ္တာထဲမှ တစ်ရှုးအနည်းငယ်ကိုဆွဲထုတ်ကာ ဟော်ဝူ၏သိမ်မွေ့နူးညံ့သော မျက်နှာမှမျက်ရည်များကို သုတ်ပေးခဲ့သည်။

ဟော်ဝူသည် ဟော်ယွီစန်နှင့် နှစ်ယောက်တည်းရှိချိန်တွင် ကျိုးကြောင်းမစဉ်းစားဘဲလုပ်တတ်‌ သော်လည်း အခြားသူများရှေ့တွင် တရင်းတနှီး ပြုမူခြင်းအတွက် သူမ အနည်းငယ်ရှက်မိသွားသည်။

ဒါဟာ ဟော်ယွီစန်သည်  ဖုယီနင်နှင့် ရင်းနှီးတဲ့ ခင်မင်မှုရှိတာ သိသာထင်ရှားပါသည်။ သူသည် ဟော်ဝူ၏ မျက်ရည်တွေကိုသုတ်ပေးရင်း ဖုယီနင် ရဲ့ အမေးကိုလျစ်လျူမရှုခဲ့ပါ။ သူသည် သူ့မေးခွန်းကိုဖြေဖို့ အချိန်ယူခဲ့ပြီးအရမ်းတိတ်ဆိတ်နေခဲ့သည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now