Chapter 46

4.3K 463 3
                                    

Chapter 46

ယခုအချိန်သည် ညအချိန်ဖြစ်၍ လမ်းမများပေါ်တွင် ရောင်စုံနီယွန်မီးများ လင်းလက်တောက်ပနေသဖြင့် အပြင်ဘက်နေရာတိုင်းတွင် ပွဲလမ်းသဘင်များ ဖြစ်နေသည်။

ဟော်ဝူသည် သက်ဝင်တောက်ပသော ပတ်ဝန်းကျင်အသံများနှင့်လိုက်လျောညီ‌ထွေမဖြစ်ပဲသူမသည် အတော်လေး အထီးကျန်နေပုံရသည်။

ခရစ္စမတ်အကြိုနေ့သည် ဤမျှထူးခြားသော အားလပ်ရက်ဖြစ်‌သော်လည်းသူမသည် ၎င်းကို သူ့ဘာသာသူကုန်ဆုံးရ‌တော့မည်။

ဟော်ဝူလည်း ယာဉ်အကွေ့အချက်ပြမီးကိုဖွင့်ကာညာဘက်ကွေ့တော့မည်ဟု အချက်ပြလိုက်သည်။ သူမကကားကို ဖြည်းညှင်းစွာ အရှိန်လျှော့လိုက်ပြီး လမ်းဘေးမှာ ခဏလောက် ကားရပ်ဖို့ပြင်လိုက်ပါသည်။

သူမနဲ့ အတူ ဈေးဝယ်ထွက်ဖို့ ယွီချင်းချင်းကို ဖုန်းဆက်သင့်သလား။

ဟော်ဝူသည် လမ်းဘေးရှိ သူမ၏ကားကို မရပ်မီ နောက်ကြည့်မှန်ကို ကြည့်လိုက်သည်။

သူ့နောက်မှာ ကားမရှိသောကြောင့်ကားကို ဂရုတစိုက် အရှိန်လျှော့လိုက်တယ်။

သို့သော် ထိုအချိန်တွင်ပြိုင်ကားတစ်စီးသည် သူမကား၏ညာဘက်ခြမ်းရှိလမ်းကို ရုတ်တရက်ဖြတ်သွားခဲ့သည်။ ပြိုင်ကားက သူမကားဘေးနားကို ဝင်တိုက်ပြီး သူမကားကိုတခြားတစ်ဖက်သို့တွန်းမိတဲ့အခါ တုံ့ပြန်ဖို့သူမမှာအချိန်မရှိခဲ့ပါ။

ဘယ်ဘက်နောက်ကြည့်မှန်က လုံးဝပျက်စီးသွားပြီး ကားရဲ့ဘယ်ဘက်ခြမ်းက လုံးဝကိုပွန်းပဲ့သွားသည်။

မတော်တဆမှု ဖြစ်ပွားခဲ့သော ပြိုင်ကားသည် မောင်းနှင်မှုမရပ်တန့်ဘဲ မီတာနှစ်ရာကျော်မောင်းနှင်လာပြီးနောက်မှဘရိတ်ကိုနင်းခဲ့သည်။

ဟော်ဝူသည် ရုတ်တရတ် အခြေနေအနေမှကြောက်ရွံ့မှုကြောင့် သူမ၏ နှလုံးသားသည် ပြင်းထန်စွာခုန်နေလေသည်။

ကံကောင်းထောက်မစွာ၊ သူမ ထိုင်ခုံခါးပတ်ကို အခုမှ မချွတ်ရသေးပါ။ထိုင်ခုံခါးပတ်ကို ချွတ်လိုက်လျှင် သေချာပေါက်ဒဏ်ရာရသွားမည်ဖြစ်သည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now