Chapter 126-130

4K 388 8
                                    

အခန်း ၁၂၆

ဟော်ယွီစန် အသားတွေ အေးနေ၏။ တဖက်က သူမရဲ့ လက်ချောင်းလေးတွေကတော့ နွေးထွေးပြီး နူးညံ့သည်။ သူမရဲ့သေးသွယ်တဲ့ လက်ချောင်းလေးတွေ ဟော်ယွီစန်ရဲ့ နားနောက်ကို ထိလိုက်တော့ ဟော်ယွီစန် ရုတ်တရက် တုန့်ပြန်မိလိုက်သည်။ နားနောက်က သူမရဲ့လက်ကို မြန်မြန်ဆုပ်ကိုင်လိုက်၏။

ရုတ်တရက် ဖြစ်ပျက်သွားတာကြောင့် သူ အားပြင်းပြင်းသုံးလိုက်မိသည်။ ဟော်ဝူ သူ့အပေါ်ကို လဲကျသွားခဲ့၏။

ဟော်ဝူ လဲကျသွားတော့ သူမ နည်းနည်းလန့်သွား၏။ လက်တဖက်ကို ဟော်ယွီစန်က ကိုင်ထားတာကြောင့် ကျန်လက်တဖက်နဲ့ ထောက်လိုက်သည်။

သူမရဲ့ဘယ်လက်က ဟော်ယွီစန်ရဲ့ပေါင်အပေါ်မှာ ထောက်လျက်သား ဖြစ်သွား၏။

ဟော်ယွီစန်က ကုတင်ပေါ်မှာ ထိုင်လျက်သား။ဟော်ဝူကကျ လက်တစ်ဖက်က ဟော်ယွီစန်ရဲ့ ပေါင်ပေါ်မှာ တစ်ဖက်က ဟော်ယွီစန်က ဆုပ်ကိုင်ထားသည်။

သူမကိုယ်က ရှေ့ကိုနည်းနည်းကိုင်းနေပြီး သူ့ရဲ့ခြေနှစ်ချောင်းကြားထဲမှာ။ သူ့ရဲ့မေးစေ့နဲ့ နမ်းမိတော့ မလိုပဲ။

ဖြစ်ပျက်သွားတာတွေကို ဟော်ဝူ အံ့အားသင့်သွားသည်။

ခဏအကြာ သူမ ခေါင်းမော့လိုက်ပြီး ဟော်ယွီစန်ရဲ့ နက်ရှိုင်းပြီး ဆွဲငင်အားပြင်းတဲ့ မျက်လုံးတွေကို ကြည့်မိနေမိ၏။

ဟော်ယွီစန် မျက်လုံးတွေက နက်ရှိုင်းပြီး စကြာဝဌာကြီးလို ကျယ်ပြောကာ လျို့ဝှက်ဆန်းကြယ်သည်။သူမ အဲ့မျက်လုံးတွေကနေ ရုန်းမထွက်နိုင်အောင်ပဲ။

လှပပြီး ဆွဲငင်အားကောင်းတဲ့ မျက်လုံးတွေထဲ သူမနစ်မွန်းတော့မလိုပဲ။

တစ်ခဏတာ အကြည့်ချင်းဆုံနေပြီးနောက် ဟော်ယွီစန်ရဲ့ရှည်လျားတဲ့ မျက်တောင်တွေ ပုတ်ခတ်လိုက်တော့မှ ဟော်ဝူ အသိဝင်လာသည်။

ဟော်ယွီစန် ပေါင်ပေါ်က သူမလက်ကို မြန်မြန် ဖယ်လိုက်၏။

သူ့အပေါ်ကနေ ဖယ်ထွက်လိုက်ပေမယ့် ဟော်ဝူ ရင်တွေခုန်နေသည်။ နှလုံးကြီး ပေါက်ထွက်သွားမလိုပဲ။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now