Chapter 1
ဟော်ဝူ သူ့ရဲ့ ဒိုင်ယာလောခ့်ကိုမေ့သွားပြန်ပြီ။
ဒုတိယမြောက် အမျိုးသားဇာတ်လိုက်ရဲ့ ယောက်ျားပီသပြီး ညို့အားပြင်းတဲ့ မျက်နှာရှေ့တည့်တည့်မှာ ဒီတခါက တတိယအကြိမ်ပဲ။ ဒါရိုက်တာကလည်း “ငါးမိနစ်လောက်နားကြမယ်ဟေ့ ပြီးတာနဲ့ ဇာတ်လိုက်ရဲ့ အခန်းတွေကို အရင်ရိုက်မယ်”လို့ ဒေါသသံကြီးနဲ့ အော်ပြောလိုက်ပါတယ်။
အခုက ဒီဇင်ဘာလကို ရောက်နေပါပြီ။ ဒီဇင်ဘာလလယ် တဆောင်းသစ်စ ဉတုချိန်ခါမလို့ ပတ်ဝန်းကျင်တခုလုံး အအေးဓာတ်က လွှမ်းခြုံထားပါတယ်။ ဒီလိုအချိန်မှာ ဟော်ဝူတယောက်ပဲ ဇာတ်ဝင်ခန်းအတွက် အကျီပါးလေးနဲ့ဖြစ်နေတယ်။ ဒါရိုက်တာက ခဏနားမယ်ပြောလာမှာပဲ ဟော်ဝူတယောက် သူ့ကိုတို့းဝှေ့ကျီစယ်နေတဲ့ ဆောင်းလေညှင်းတွေကို ကာကွယ်ဖို့အတွက် အလိုလို ပုခုံးလေးကြုံသွားမိပြီး လက်နှစ်ဖက်ကို ယှက်ပြီး လက်မောင်းလေးတွေကို ကိုယ့်ဘာသာ ပွတ်ပေးနေမိတယ်။
ဒေါသအိုးပေါက်ကွဲနေတဲ့ ဒါရိုက်တာရဲ့ မျက်နှာကိုမရင်ဆိုင်ရဲတာမလို့ ပထဝီမြေကြီးကိုပဲ တွင်တွင်စိုက်ကြည့်နေမိတယ်။
ဒုတိယမြောက်အမျိုးသားဇာတ်လိုက်က သူ့အနားကိုကပ်လာပြီး ခန္ဓာကိုယ်ပေါ်ကို ကုတ်အကျီလေး လွှမ်းပေးလိုက်ပါတယ်။ “မင်းမနေ့ညက ကောင်းကောင်းမနားရသေးဘူးလား”ဆိုပြီး စိုးရိမ်တဲ့လေသံနဲ့ စကားစလာပါတယ်။
ဟော်ဝူဟာ ဇာတ်လမ်းတွေမှာ အမြဲတမ်းဖြတ်လျောက်နေရာသာသာကနေပဲ သရုပ်ဆောင်ရတယ်ဆိုပေမယ့် ဒီတခါတော့ လူငယ်တွေကြားထဲ တတိယ ရေပန်းအစားဆုံး ဇာတ်လမ်းမှာ တတိယ အမျိုးသမီး ဇာတ်လိုက်နေရာကို တာဝန်ယူထားရပါတယ်။ ဘယ်နေရာကပဲ သရုပ်ဆောင်ရသည်ဖြစ်စေ တာဝန်ယူ တာဝန်ခံမှု အပြည့်အဝရှိပြီး ဒိုင်ယာလောခ့်တွေကို တရေးနိုးမေးတောင် ဖြေနိုင်အောင် ကျက်လေ့ရှိတဲ့သူ။ အခုလိုမျိုး ဇာတ်ဝင်ခန်းလေး တနေရာထဲမှာပဲ သုံးခါလောက် စာသားတွေကို မေ့နေတယ်ဆို ထုံးစံမရှိပါဘူး။
ဟော်ဝူ ဒုတိယမြောက်ရဲ့ ကုတ်အကျီကို လက်ခံလိုက်ပြီး ကျေးဇူးတင်ကြောင်းလေသံလေးနဲ့ပြောလိုက်ပါတယ်။