Chapter 105

3.5K 352 9
                                    

Chapter 105

နဂိုဘဝမှာတုန်းက ဟော်ယွီစန်ကသူ့တစ်ဘဝလုံး စင်ဂယ်အဖြစ်နဲ့ပဲနေခဲ့တယ်။

ဒီဘဝမှာရော

သူမသိခဲ့တဲ့ သမိုင်းက ခုဖြစ်ပျက်နေတာတွေနဲ့မတူတော့ ဟော်ယွီစန်ရဲ့အနာဂတ်ကလည်း နဂိုလိုတူမှာမဟုတ်ဘူး။

“အကိုဟော် ခုတလော ရုပ်ရှင်တွေမှာ စိတ်ဝင်စားလာလို့လား။ဒီရုပ်ရှင်မှာ ယွမ်၁၀သန်းတောင် ရင်းနှီးမြှုပ်နှံထားတယ်လို့ကြားတယ်။”ချူးရွှယ်ယိက စကားစပြောတယ်။

“နာကျင်မှု”ဆိုတဲ့ကားမှာ ဟော်ယွီစန်က ယွမ်၁၀သန်းရင်းနှီးမြှုပ်နှံထားတာကို ကြားတော့ သူမအတော်အံ့ဩသွားတယ်။နဂို ဟော်ယွီစန်က ရုပ်ရှင်လောကကို စိတ်မဝင်စားခဲ့ဘူးလေ။

ဟော်ယွီစန်ကအေးစက်စက် ပြန်ဖြေတယ်။“စိတ်မဝင်စားပါဘူး”

ချူးရွှယ်ယိက စိတ်ရှုပ်သွားသလိုနဲ့ ထပ်မေးတယ်“ဒါဆို ဘာဖြစ်လို့”

“ငါ့ညီမလေး ကြိုက်လို့”

အဓိပ္ပာယ်က ဟော်ဝူသဘောကျလို့ ရုပ်ရှင်နဲ့ ရုပ်ရှင်လောကကို သူစိတ်ဝင်စားတာ။

ချူးရွှယ်ယိက မျက်လုံးပုတ်ခတ်ပုတ်ခတ်နဲ့ တအံ့တဩပြောတယ်“အဲ့တာက အကြောင်းပြချက်လား”

သူမ ဟော်ဝူဘက်လှည့်ကြည့်ပြီး“ပြောလက်စနဲ့ ငယ်ငယ်တုန်းကငါဖြစ်ချင်တာကဇာတ်ညွှန်းဆရာမ”

ဟော်ဝူပြုံးပြီး“အဲ့ဆို ငါ တစ်နေ့ကျရင်နင့်ရဲ့ဇာတ်ညွှန်းကို သရုပ်ဆောင်ရမှာပဲ”

အဲ့တာကြားတော့ ချူးရွှယ်ယိက တအံ့တဩနဲ့”သရုပ်ဆောင်နင် သရုပ်ဆောင်လောကထဲဝင်နေပြီလား”

ဟော်ဝူ ခေါင်းငြိမ့်တယ်“အင်း”

ချူးရွှယ်ယိ ကြားတော့ နည်းနည်းထူးဆန်းနေတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းက ရင်းနှီးတဲ့သူငယ်ချင်းတွေဆီကနေ ဟော်ယွီစန်ရဲ့အချက်အလက်တွေ မေးနေကျ။ဟော်ယွီစန်ရဲ့ ၁၀သန်း ရင်းနှီးမြှုပ်နှံမှုအကြောင်းလည်း ကျောင်းဟောင်ဆီက ကြားတယ်။ဒါပေမယ့် ကျောင်းဟောင်က ဟော်ဝူသရုပ်ဆောင်လောကထဲဝင်ပြီး ရုပ်ရှင်ရိုက်နေတယ်လို့တော့ မပြောဘူး။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now